Tuesday, August 6, 2013

လက်ပံတောင်းတောင် စီမံကိန်း ပြန်စမယ်

ABC

မြန်မာနိုင်ငံ ​စစ်ကိုင်းတိုင်းအတွင်း ​မုံရွာ ​မြို့အနီး ​ပြီးခဲ့တဲ့နှစ်ပိုင်းက ​ကန့်ကွက်ဆန္ဒပြမှုတွေ ​အကြီးအကျယ် ​ဖြစ်ခဲ့တဲ့ ​ကြေးနီစီမံကိန်းကို ​မကြာခင်ပြန်ပြီး ​စတင်လည်ပတ်တော့မယ်လို့ ​သိရပါတယ်။

ဇူလိုင်လ ​၂၄ ​ရက်နေ့က ​မြန်မာနဲ့တရုတ် ​ကုမ္ပဏီကြား ​သဘောတူညီမှု ​လက်မှတ်အသစ် ​ပြန်ထိုး ​ခဲ့တာ ​ဖြစ်ပါတယ်။

သဘောတူညီချက် ​သစ်ထဲမှာ၊ ​မြေယာမြေ ​၂၈၂၈ ​ဧက ​သိမ်းစည်းခံခဲ့ရတဲ့ ​ဒေသခံ ​လယ်သမား ​အယောက် ​၁၀၃၇ဦး ​အတွက် ​အမေရိကန် ​ဒေါ်လာ ​၃သန်းနဲ့ ​ညီမျှတဲ့ ​လျှော်ကြေးငွေ၊ ​သိမ်းစည်းထားတဲ့ ​လယ်မြေ ​၂၈၃.၆၉ ​ဧက ​ကိုလဲ ​လယ်သမား ​တွေကို ​ပြန်အပ် ​နေပြီ ​ဖြစ်တဲ့အကြောင်း ​၇၉% ​အထိ ​ပြန်အပ်ခဲ့ပြီး ​ဆက်လက် ​အပ်နှံနေတယ်လို့ ​ဆိုပါတယ်။

နေအိမ်တွေကနေ ​ဖယ်ရှား ​ခံခဲ့ရတဲ့ ​ရွာသူရွာသားတွေ ​အိမ်ယာသစ် ​တည်ဆောက်ပေးတာတွေ၊ ​ဒေသခံရွာသားတွေအတွက် ​အလုပ်အကိုင် ​ဖန်တီးတာတွေ ​ပြုလုပ်နေပြီး ​အနီးအနားမှာ ​sulfuric ​acid ​ထုတ်လုပ်တဲ့ ​စက်ရုံတည်ဆောက်ဖို့လဲ ​ဆောင်ရွက်နေတယ်လို့ ​ဆိုပါတယ်။

စီမံကိန်းဒေသအတွင်း ​ပညာရေး၊ ​ကျန်းမာရေးနဲ့ ​လူမှုရေး ​စီမံကိန်းလုပ်ငန်းတွေကိုလဲ ​မြှင့်တင်ပေးနေပြီလို့ ​ဆိုပါတယ်။

သဘောတူညီချက်ထဲမှာ ​အမြတ်ငွေ ​ခွဲဝေပုံအရ ​Myanmar ​Mining ​Enterprise ​က ​၅၁% ​Myanmar ​Economic ​Holding ​Ltd. ​ က ​၁၉% ​နဲ့ ​တရုတ် ​China's ​Wanbao ​Mining ​Ltd ​က ​၃၀% ​ဝေစု ​ရကြမှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အဲဒီထဲကမှ ​၂% ​ဟာ ​လူမှုရေး ​အကျိုးပြုလုပ်ဆောင်ချက်တွေ ​အတွက် ​ရာထား ​ပြီး ​နိုင်ငံတကာ ​စံနှုန်းမှီတဲ့ ​သဘာဝပတ်ဝန်းကျင် ​ထိန်းသိမ်းရေးအဆင့်လုပ်ငန်းတွေကိုပါ ​လုပ်ဆောင် ​နိုင်မှာဖြစ်တယ်လို့လဲ ​ဆိုပါတယ်။

No comments: