ABC
ဂျပန် နီဆန်း မော်တော်ကား ကုမ္ပဏီ က ထုတ်လုပ်တဲ့ ကားတွေကို မလေးရှား အခြေစိုက် Tan Chong တန်ချုံး ကုမ္ပဏီကနေတဆင့် မြန်မာနိုင်ငံ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
တန်ချုံး မော်တော်ကား ဖြန့်ချီရေး ကုမ္ပဏီဟာ အာရှ အတွင်း မော်တော် ကား ဖြန့်ချီတဲ့ အကြီးဆုံး ကုမ္ပဏီကြီး တွေထဲက တခုဖြစ်ပါတယ်။
မြန်မာနိုင်ငံ အတွက် နီဆန်းရဲ့ တဦးတည်း ကိုယ်စား လှယ် အဖြစ် တန်ချုံး ကုမ္ပဏီက သဘော တူညီချက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နီဆန်း ကုမ္ပဏီရဲ့ မလေးရှားမှာ တပ်ဆင်တဲ့ ပစ်ကပ် ထရပ်ကား တွေ အပါ အ၀င် မော်တော် ကားတော်တော် များများကို ရောင်းချ သွားမယ် လို့ သိရ ပါတယ်။
တန်ချုံး ကုမ္ပဏီဟာ နီဆန်း မော်တော် ကားတွေကို အာရှ တခွင် ရောင်းချ ပေးနေတဲ့ ကုမ္ပဏီကြီး တခုလည်း ဖြစ်ပါတယ်။
No comments:
Post a Comment