Friday, August 9, 2013

မီဒီယာ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်မှာတင်ပေးမယ်

ABC

မြန်မာနိုင်ငံက ​စာနယ်ဇင်းကောင်စီ ​(ယာယီ) ​အဖွဲ့ကနေ ​ရေးဆွဲထားတဲ့ ​သတင်းမီဒီယာ ​ဥပဒေကြမ်း ​ကို ​လွှတ်မှာတင်သွင်းနိုင်ဖို့အတွက် ​အငြင်းပွားမှုတွေဖြစ်နေချိန်မှာပဲ ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​တစ်ဦးကနေပြီး ​ဒီဥပဒေကြမ်းကို ​လွှတ်တော်မှာ ​တင်သွင်းပေးမယ်လို့ ​ပြောလိုက်ပါတယ်။

အရင်က ​စာနယ်ဇင်းကောင်စီ ​(ယာယီ) ​အဖွဲ့က ​ရေးဆွဲထားတဲ့ ​သတင်းမီဒီယာ ​ဥပဒေကြမ်းထဲက ​အချက် ​၁၇ချက်ကို ​ပြန်ကြားရေးဝန်ကြီးဌာနက ​ပြုပြင်ရေးဆွဲခိုင်းခဲ့ပြီး ​မပြုပြင်နိုင်ရင် ​လွှတ်တော်မှာ ​ကိုယ်စားပြုတင်သွင်းပေးမှာမဟုတ်သလို ​တဖက်ဖက်က ​တင်သွင်းခဲ့ရင်လည်း ​အစွမ်းကုန် ​ကန့်ကွက် ​သွားမှာဖြစ်တယ်လို့ ​ပြန်ကြားရေးဝန်ကြီးဌာနက ​ပြောပါတယ်။ ​ဒါပေမယ့် ​စာနယ်ဇင်းကောင်စီ ​အဖွဲ့ကလည်း ​ပြင်ခိုင်းတဲ့အချက်တွေထဲမှာ ​စာနယ်ဇင်းသမားတွေ ​အပေါ် ​ဖိနှိပ်မှုတွေ ​ရှိမှာဖြစ်တဲ့အတွက် ​ကန့်ကွက်နေတာ ​ဖြစ်ပါတယ်။

စာနယ်ဇင်းသမားတွေကလည်း ​ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ​ပြဌာန်းချက် ​၁၇ ​ချက်ကို ​ကန့်ကွက်တဲ့အကြောင်း ​ပြည်သူတွေဆီက ​လက်မှတ်ကောက်ခံနေပြီး ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ကလည်း ​ကန့်ကွက်ကြောင်း ​လက်မှတ်ရေးသွားဖို့ရှိတယ်လို့ ​၈ ​လေးလုံးငွေရတု ​အခန်းအနားကို ​ရောက်ရှိစဉ် ​ပြောကြားခဲ့ပါတယ်။

မီဒီယာဥပဒေမူကြမ်းကို ​လွှတ်တော်မှာတင်သွင်းပေးမယ့် ​အကြောင်းနဲ့ပတ်သက်ပြီး ​ပြည်သူ့လွှတ်တော်က ​အားကစား၊ ​ယာဉ်ကျေးမှုနှင့် ​ပြည်သူ့ဆက်ဆံရေး ​ဖွံဖြိုးတိုးတက်ရေး ​ကော်မတီ ​တစ်ဦးဖြစ်တဲ့ ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ် ​ဦးခိုင်မောင်ရည်က ​ပြောပါတယ်။

“အဓိကကတော့ ​ဒီစာနယ်ဇင်းကောင်စီက ​ဖြစ်လိုတဲ့ဆန္ဒအတိုင်း ​ကျနော်တို့ ​ဒီအတိုင်း ​တင်ပေးမယ်။ ​သူတို့ ​တင်ပေးတဲ့အတိုင်းပဲ ​မဖြတ်မတောက်ပဲနဲ့ ​တင်ပေးလိုက်မှာ ​လွှတ်တော်ကို။ ​ဒါပေမယ့် ​ကျနော်တို့ ​တပိုက်ချင်းစီကိုတော့ ​ဘယ်အပိုက်က ​ဘာကြောင့် ​စွဲစွဲမြဲမြဲ ​ကိုင်ထားရပါတယ် ​ဆိုတဲ့ ​အချက်ကို ​ကျနော်တို့ ​ကိုယ်၌ကပဲ ​ကိုင်ထားရမယ်။ ​ပြန်ကြားရေးဝန်ကြီးဌာနက ​သူတို့သဘောမတူဘူး ​ဆိုတဲ့ ​အကြောင်းကိုလည်း ​သူတို့အနေနဲ့ ​လည်းလွှတ်တော်မှာပြောခွင့်ရှိတယ်။ ​ကျနော်တို့ ​လွှတ်တော်က ​လည်း ​မီးဒီယာလောက ​သားတွေရဲ့ ​ဖြစ်လိုတဲ့ ​ဆန္ဒကို ​ကာကွယ်ဖို့ ​ကျနော်တို့ ​ဖက်က ​လည်း ​လိုအပ်တယ်။”

No comments: