Saturday, August 10, 2013

ရှစ်လေးလုံး အခမ်းအနားပြီးနောက် သဘောထားကြေညာချက်ထုတ်ပြန်

ABC

သြဂုတ်လ၈ရက်နေ့မှာ ​ကျရောက်တဲ့ ​ရှစ်လေးလုံး ​အရေးတော်ပုံရဲ့ ​၂၅နှစ်ပြည့်တဲ့နေ့မှာ ​ငွေရတုအခမ်းအနားကို ​ရန်ကုန်မြို့ ​ကွန်ဗင်းရှင်း ​စင်တာမှာ ​ကျင်းပခဲ့ကြပြီး ​ဒီမိုကရက်တစ် ​ဖက်ဒရယ်ပြည်ထောင်စု ​နိုင်ငံထူထောင်ဖို့ ​အချက်ပါဝင်တဲ့ ​အချက် ​၃ချက်ပါ ​သဘောထား ​ကြေညာချက်တစောင် ​ထုတ်ပြန်ကြတယ်လို့ ​သိရပါတယ်။

သြဂုတ်လ ​၆ရက်နေ့ကတည်းက ​ရန်ကုန်မြို့ကကွန်ဗင်းရှင်း ​စင်တာမှာ ​အဖွဲ့အစည်းအသီးသီးက ​အဖွဲ့ ​၄ဖွဲ့ခွဲပြီး ​တက်ရောက်ဆွေးနွေးခဲ့တဲ့ ​အချက်တွေထဲကနေ ​အားလုံးသဘောတူညီတဲ့ ​အချက်တွေကို ​ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ​၈၈ကျောင်းသား ​ခေါင်းဆောင်တဦးဖြစ်တဲ့ ​ကိုပြုံးချိုက ​အခုလိုပြောပါတယ်။

အဖွဲ့အစည်းအသီးသီးက ​ဆွေးနွေးချက်တွေ၊ ​အကြံပြုချက်တွေ ​အခြေခံပြီးတော့ ​ထုတ်ပြန်တဲ့ ​၈လေးလုံးငွေရတု ​ကျေညာစာတမ်းကို ​အချက် ​၃ချက်ကို ​အဓိကထားပြီး ​ထုတ်ပြန်ခဲ့ပါတယ်၊ ​တစ်အချက်က ​ကိုယ့်ကြမ္မာကို ​ပြဌာန်း ​နိုင်ခွင့်ရှိ၍ ​တန်းတူညီမျှမှုရှိတဲ့ ​ဒီမိုကရက်တစ် ​ဖက်ဒရယ်ပြည်ထောင်စု ​နိုင်ငံတော်သစ် ​ထူထောင်ဖို့၊ ​ဒုတိ ​ယအချက်က ​၂၀၀၈ ​ဖွဲ့စည်းပုံအခြေခံဥပဒေသည် ​ကျနော်တို့လိုလားသော ​ဒီမိုကရက်တစ် ​ဖက်ဒရယ်ပြည်ထောင်စု ​နိုင်ငံတော်သစ်ကို ​ဖော်ဆောင်ပေးနိုင်ခြင်း ​မရှိဘူး၊ ​သို့ဖြစ်၍ ​၂၀၀၈ ​ခုဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်ပြောင်းလဲရန် ​သို့မဟုတ် ​ဖွဲ့စည်းပုံအခြေခံဥပဒေကို ​အသစ်ပြန်လည်ရေးဆွဲရန်၊ ​နောက်ဆုံးအချက်ကတော့ ​ထိုသို့ ​ဖော်ဆောင် ​နိုင်ရေးအတွက် ​ငြိမ်းချမ်းရေးနဲ့ ​အမျိုးသားပြန်လည်သင့်မြတ်ရေးကို ​ဦးတည်သော ​အမျိုးသားအင်အားစုအားလုံး ​ပါဝင်သည့် ​ညီလာခံတရပ်ကိုကျင်းပရန် ​လိုအပ်သည်ဟု ​အလေးအနက်ခံယူသည်ဆိုပြီးတော့ ​ကျနော်တို့ ​ထုတ် ​ပြန်ထားပါတယ်။ 

၈လေးလုံးအရေးတော်ပုံ ​၂၅နှစ်ပြည့် ​ငွေရတုအခမ်းအနားကို ​အမျိုးသားဒီမိုက ​ရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်က ​တက်ရောက်ပြီး ​အတိတ်က ​ဖြစ်ရပ်တွေ ​သင်ခန်းစာကိုယူပြီး ​မပြီးဆုံးသေးတဲ့ ​တာဝန်တွေကို ​ဆက်လက် ​လုပ်ဆောင်သွားကြဖို့ ​မှာကြားခဲ့ပါတယ်။

အဲ့ဒါ့အပြင် ​ပြည်သူနဲ့ ​တပ်မတော်ကြား ​အဆင်ပြေရေးကို ​အဓိကထားစဉ်းစားသွားရမယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

ကျမတို့ ​၈၈ ​တုန်းက ​ဆိုလို့ရှိရင် ​အမျိုးသား ​ရင်ကြားစေ့ရေးလို့ ​ပြောတဲ့အခါမှာ ​ပြည်သူနဲ့ ​တပ်မတော်ကြား ​အဆင်ပြေရေးကို ​အဓိကထားပြီး ​စဉ်းစားကြပါတယ်။ ​အခုလည်း ​ဒီအတိုင်းပဲ ​ကျမတို့ ​စဉ်းစားကြရမှာပဲ။ ​အဲဒီလို ​ကျမတို့ ​ရဲရဲဝင့်ဝင့် ​စဉ်းစားနိုင်မှ ​ရှေ့ကို ​ပြေပြေလည်လည်နဲ့ ​ကျမတို့ ​တက်သွားနိုင်မှာ ​ဖြစ်ပါတယ်။ 

ကိုမင်းကိုနိုင် ​အပါအဝင် ​၈၈ ​မျိုးဆက်ကျောင်းသားများ(ပွင့်လင်းလူ့အဖွဲ့ ​အစည်း)က ​နိုင်ငံရေးပါတီတစ်ခုအဖြစ် ​လုပ်ဆောင်မယ့်သူတွေနဲ့ ​လူမှုရေးလုပ်ငန်းတွေ ​လုပ်ဆောင်မယ့်သူတွေကို ​၂၀၁၄ ​နှစ်ဆန်းပိုင်းမှာ ​တရားဝင် ​ထုတ်ပြန်မယ်လို့လည်း ​၈၈ ​မျိုးဆက်ကျောင်းသားဟောင်း ​ကိုမင်းဇေယျာက ​ယခုလိုပြောပါတယ်။

ဦးတို့ ​၈၈ ​မျိုးဆက်ထဲကနေပြီးတော့ ​နိုင်ငံရေးပါတီလိုင်းကို ​သွားမယ့်လူတွေ ​ရှိတယ် ​civil ​society ​အဖြစ်နဲ့ ​ကျန်မယ့်သူတွေရှိတယ်။ ​ဒါပေမယ့် ​ဘယ်သူကတော့ ​နိုင်ငံရေးပါတီကို ​ကူးမယ်၊ ​ဘယ်သူကတော့ ​ဒီပွင့်လင်းလူ့အဖွဲ့အစည်းမှာ ​ကျန်မယ်ဆိုတာကတော့ ​၂၀၁၃ ​နှစ်ကုန် ​ဒါမှမဟုတ် ​၂၀၁၄ ​နှစ်ဆန်းပိုင်းမှပဲ ​ဦးတို့ ​တရားဝင် ​ပြောလို့ရမယ်။ 

လက်ရှိမှာတော့ ​၈၈ ​မျိုးဆက်ကျောင်းသားတွေဟာ ​သူတို့ရဲ့ ​အဖွဲ့အစည်းကို ​တရားဝင် ​ရပ်တည်နိုင်ဖို့အတွက် ​သြဂုတ်လ ​အလယ်မှာ ​ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ​အသင်းအဖွဲ့ဆိုင်ရာ ​ဥပဒေနဲ့ ​မှတ်ပုံတင်သွားမယ်လို့ ​သိရပါတယ်။

မနေ့က ​ကျင်းပတဲ့ ​ရှစ်လေးလုံး ​အခမ်းအနားကို ​အစိုးရအဖွဲ့ဝင် ​၀န်ကြီးတွေ၊ ​နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ​တိုင်းရင်းသားခေါင်း ​ဆောင်တွေ၊ ​ရဟန်းသံဃာတော်တွေ၊ ​နယ်စပ်အခြေစိုက် ​ဒီမိုကရေစီအင်အားစုတွေ၊ ​လက်နက်ကိုင်အဖွဲ့တွေ ​၊ ​အရပ်ဖက် ​လူမှုအဖွဲ့အစည်းတွေ၊ ​ကျောင်းသားတွေနဲ့ ​ပြည်သူလူထုတွေ ​စုစုပေါင်း ​ငါးထောင်ကျော် ​တက်ရောက်ခဲ့ကြပါတယ်။

၈လေးလုံး ​ငွေရတုအခမ်းအနားတွေကို ​ရန်ကုန်မြို့အပြင် ​မန္တလေးမြို့နဲ့ ​မြန်မာနိုင်ငံအနှံက ​မြို့ကြီးအတော်များများမှာ ​ကျင်းပခဲ့ကြပြီး ​ကျဆုံးခဲ့ကြသူတွေကို ​ရည်စူးပြီး ​လျူဒါန်းတာတွေနဲ့ ​ အမျှပေးဝေခဲ့ကြတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးနဲ့ ​စူးရှတို့က ​သတင်းပေးပို့ခဲ့ပါတယ်။ 

No comments: