ရွှေဟင်္သာ
၂၀၁၃ခုနှစ် သြဂုတ်လ (၆) ရက် (အဂါင်္နေ့) ပထမနေ့ အခမ်းအနား အစီအစဉ်
နံနက် (၈း၀၀) နာရီမှ စတင်၍ တက်ရောက်ခွင့် အမည် ကဒ်ပြားများ လက်မှတ်ထိုး ထုတ်ယူနိုင်ရန် စာရင်းပေးသွင်းခြင်း။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ဆွေးနွေးပွဲ အခမ်းအနား အစီအစ ဉ်များကို ဖတ်ကြားခြင်း။
အခမ်းအနား အစီအစဉ် (၁) - ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ဆွေးနွေးပွဲ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း။
အခမ်းအနား အစီအစဉ် (၂) - ရှစ်လေးလုံး သမိုင်းမှတ်တမ်း ဗီဒီယိုပြသခြင်း အစီအစဉ်။
အခမ်းအနား အစီအစဉ် (၃) - ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ အခမ်းအနား ကြိုဆိုနူတ်ခွန်းဆက် အဖွင့် အမှာစကား ပြောကြားခြင်း။ (မင်းကိုနိုင်)
အခမ်းအနား အစီအစဉ် (၄) - ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြခြင်း။ (ဌေးကြွယ်)
အခမ်းအနား အစီအစဉ် (၅) - ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ မှတ်တမ်းပြခန်း ဖွင့်လှစ်ခြင်း အစီအစဉ်။ (ကြိုတင်ကြေညာပေးခြင်း)
နေ့လည် (၁၁) နာရီတွင် နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်။
နေ့လည် (၁၂း၀၀) နာရီ တိတိမှ စ၍ ပထမနေ့ ဒုတိယပိုင်း အစီအစဉ် ပြန်လည် စတင်ခြင်း။
ဆွေးနွေးပွဲ အစီအစဉ် (၁) - ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ဆွေးနွေးပွဲတွင် အောက်ပါ ခေါင်းစဉ် (၆) ခုအား ဆွေးနွေးခြင်း။
(၁) အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်းသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေး လုပ်ငန်းစဉ်၊
(၂) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မူ၊
(၃) အနာဂတ် ပြည်ထောင်စု၊
(၄) စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊
(၅) မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ၊
(၆) တိုင်းပြည် ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး။
ဖော်ပြပါ ခေါင်းစဉ် (၆)ခုကို ပေါင်းစပ်၍ နေရာ(၄) ခုခွဲ၍ ရှင်းလင်းပြောကြားပေးခြင်းနှင့် သတ်မှတ်နေရာ (အခန်း)အသီးသီးသို့ တက်ရောက်လာကြသော ပုဂ္ဂိုလ်များအား၊ ၎င်းတို့ စိတ်ဝင်စားရာ ခေါင်းစဉ်များ အပေါ်မူတည်၍ နေရာချထားပေးခြင်း အစီအစဉ်။
တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အနာဂတ်ပြည်ထောင်စု
ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ - ဆရာဖေမြင့်၊ ခွန်မြင့်ထွန်း၊ ကိုအောင်မိုးဇော်၊ မခေါန်ဂျာ၊ ဆလိုင်းလျှံမုန်း။
အကျိုးဆောင်များမှာ - ကိုသားကြီး၊ မသင်းသင်းအောင်၊ ကိုကျော်စွာဆွေ၊ ကိုရဲအောင်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု
ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ - ကိုအောင်မျိုးမင်း၊ ကိုမြင့်အေး (HRDP)၊ စောမြရာဇာလင်း၊ ကိုမော်လင်း။
အကျိုးဆောင်များမှာ - ကိုအောင်မျိုးမင်း၊ ကိုအောင်ဇော်ထွေး၊ ကိုခင်မောင်ဝင်း၊ မသက်သက်အောင်။
စစ်မှန်သော အမျိုးသား ပြန်လည် သင့်မြတ်ရေး
ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ - UNA ကိုယ်စားလှယ် ဦးအေးသာအောင်၊ ကိုကိုကြီး(၈၈)၊ ကိုသံခဲ(ABSDF) ၊ ဦးဌေးသိန်း ၊ ဒေါ်ခင်မမမျိုး။
အကျိုးဆောင်များမှာ - စောသန်းလှိုင်၊ မနိုးနိုးထက်စံ၊ ကိုလှိုင်မြတ်။
တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ
ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ - ဆရာဦးမြင့်၊ ဒေါက်တာ ရန်မျိုးသိန်း၊ မခင်ဥမ္မာ၊ Dr. ရင်ရင်နွယ်၊ ဦးရွှေစင်ထွန်း။
အကျိုးဆောင်များမှာ - Dr. ကျော်သူ၊ ဇော်ဇော်ထွန်း၊ ကိုမြတ်စံ ၊ မနန်းစော ၊ ကိုလှမျိုးနောင်။
နေ့လည်(၃း၃၀)နာရီတွင် နေ့လည်စာ ကော်ဖီဖြင့် တည်ခင်းဧည့်ခံခြင်း။
နေ့လည် (၄း၀၀)နာရီတွင် ဆွေးနွေးပွဲ အစီအစဉ်(၂) ပထမနေ့ ဒုတိယပိုင်း ပြန်လည်စတင် ဆွေးနွေးခြင်း။
ညနေ (၅း၃၀)နာရီ - ပထမနေ့ အစီအစဉ် ပြီးဆုံးခြင်း။
၂၀၁၃ခုနှစ် သြဂုတ်လ (၇)ရက် (ဗုဒ္ဓဟူး) ဒုတိယနေ့ အခမ်းအနားအစီအစဉ်
ဆွေးနွေးပွဲ အစီအစဉ် (၁) - နံနက်(၈း၀၀)နာရီတွင် ဒုတိယနေ့ ပထမပိုင်း ပြန်လည်စတင် ဆွေးနွေးခြင်း။
နံနက် (၁၀း၃၀) နာရီတွင် နံနက်စာ ကော်ဖီဖြင့် တည်ခင်းဧည့်ခံခြင်း။
ဆွေးနွေးပွဲ အစီအစဉ် (၂) - နေ့လည် (၁၁း၀၀) နာရီတွင် ဒုတိယနေ့ ပထမပိုင်း ဆက်လက် ဆွေးနွေးခြင်း။
နေ့လည်(၁၂း၃၀)နာရီ မှ (၁း၃၀)နာရီ - နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း။
ဆွေးနွေးပွဲ အစီအစဉ် (၃) - နေ့လည်(၁း၃၀)နာရီ မှ (၄း၀၀)နာရီ - ဆွေးနွေးချက်များအား အဆုံးသတ် ဆွေးနွေး အတည်ပြု မှတ်တမ်းရယူခြင်း။
နေ့လည်(၄း၀၀)နာရီ မှ (၄း၃၀)နာရီ - နေ့လည်စာ ကော်ဖီဖြင့် တည်ခင်းဧည့်ခံခြင်း။
ဆွေးနွေးပွဲ အစီအစဉ် (၄) - ညနေ(၄း၃၀) နာရီ မှ (၅း၃၀)နာရီ - ဒုတိယနေ့ ဒုတိယပိုင်း ဆက်လက်၍ ဆွေးနွေးချက်များ အပြီးသတ် ထုတ်ယူ အတည်ပြုခြင်း။
ညနေ (၅း၃၀) နာရီတွင် ဒုတိယနေ့ ညနေပိုင်း ဆွေးနွေးပွဲ ပြီးဆုံးခြင်း။
၂၀၁၃ခုနှစ် သြဂုတ်လ (၈)ရက်

No comments:
Post a Comment