ABC
မြန်မာနိုင်ငံမှာ အသစ်ဆောက်လုပ်မယ့် နိုင်ငံတကာလေဆိပ်ကို မြန်မာအစိုးရက တောင်ကိုးရီးယားနိုင်ငံ အစိုးရပိုင် လုပ်ငန်းကို ဆောက်လုပ်ခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။
ရန်ကုန်မြို့လည်နဲ့ မိုင်ပေါင်း ၅၀ ကီလိုမီတာအားဖြင့် ၈၀ ကီလိုမီတာသာဝေးတဲ့နေရာမှာ ဟံသာဝတီ နိုင်ငံတကာ လေဆိပ်ကို ဆောက်လုပ်ဖို့ တောင်ကိုးရီးယားနိုင်ငံက ခွင့်ပြုချက် ရလိုက်တာဖြစ်ပါတယ်။
လေဆိပ်သစ်ဆောက်လုပ်ခွင့် သဘောတူစာချုပ်ကို ဒီနှစ်ကုန်မှာ အပြီးသတ် လက်မှတ်ရေးထိုးနိုင်ကြမယ်လို့ သိရပြီး ဒီစီမံကိန်းက ဒေါ်လာ ၁. ၁ ဘီလီယံ ကုန်ကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေးမှာ အသွင်ကူးပြောင်းမှုတွေ ဖြစ်လာတာနဲ့အမျှ ကမ္ဘာလှည့်ခရီးသည်တွေများပြားလာတဲ့အတွက် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံနိုင်ငံတကာလေဆိပ်နဲ့ မလုံလောက်တော့တဲ့အတွက် ခုလို တိုးချဲ့တည်ဆောက်မှာဖြစ်ပါတယ်။
မင်္ဂလာဒုံလေဆိပ်က တစ်နှစ်ကို ခရီးသည်အယောက်ပေါင်း ၂.၇ သန်းကိုသာ လက်ခံနိုင်စွမ်းရှိပြီး မကြာခင်မှာ ခရီးသည်ဦးရေ ဒိထက်ပိုများလာနိုင်တယ်လို့ သိရပါတယ်။
အသစ်ဆောက်လုပ်မယ့် ဟံသာဝတီလေဆိပ်ကတော့ ခရီးသည်အယောက်ပေါင်း ၁၂ သန်းကို လက်ခံနိုင်စွမ်းရှိမှာဖြစ်ပြီး လေဆိပ်သစ်ကို ၂၀၁၈ ခုနှစ်မှာ အပြီးသတ် ဆောက်လုပ်မှာ ဖြစ်ပါတယ်။
သဘောတူညီချက်အရ တောင်ကိုးရီးယားနိုင်ငံပိုင် IIAC ကုမ္ပဏီအနေနဲ့ ဟံသာဝတီလေဆိပ်ကို ၂၀၆၇ ခုနှစ်အထိ စီမံအုပ်ချုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
IIAC ကုမ္ပဏီဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်ကို စီမံခန့်ခွဲနေပြီး အဲဒီလေဆိပ်က တစ်နှစ်ကို ခရီးသည်အယောက်ပေါင်း သန်း ၄၀ လက်ခံနိုင်စွမ်းရှိတဲ့ လေဆိပ်ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် နိုင်ငံတကာ လေဆိပ်ကောင်စီအဖွဲ့က အသိအမှတ်ပြုခံထားရကြောင်းလည်း အေအက်ပီသတင်းမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment