ဖြူဖြူကို
မလေးရှား နိုင်ငံတွင် ထပ်မံ အကြမ်းဖက် ခံရသည့် မြန်မာ နိုင်ငံသား တစ်ဦး ဆေးရုံ၌ သြဂုတ်လ (၄) ရက်နေ့၌ သေဆုံး သွားပြီ ဖြစ်ကြောင်း နှလုံးလှ ပရဟိတ လူငယ်များ အသင်းထံမှ သိရသည်။
ဇူလိုင်လ (၁၃) ရက် ကပင် ဓားဒါဏ်ရာ ၆ ချက်ဖြင့် မောင်စိုး(ခ)ညီညီ အသက် ၃၁နှစ်သည် UKM ဆေးရုံ၌ ရက်ရှည်ကာကုသမှု ခံယူ ခဲ့ရ ပြီးနောက် ဆုံးသွားခြင်း ဖြစ်သည်။
“ဇူလိုင် ၁၃ ရက် ည ပိုင်းဖြစ်တာ ဘယ်လို စဖြစ် သလဲ မသိဘူး မိုးလင်းတော့ မြောင်းထဲမှာ တွေ့တော့ မလေး ရဲကို အကြောင်း ကြားလိုက်တယ်။ သွေးခုန် နှုန်းက မရပ်သေး တဲ့အတွက် မသေ သေးဘူး ဆိုပြီး ဆေးရုံကို တင်လိုက်တယ်။ ဓားဒါဏ်ရာက လည်ပင်း မှာ ၁ ချက်၊ နောက်ကျော မှာ ၅ ချက် ရရှိပြီးတော့ ဒီလ ၄ ရက်နေ့ မှာပဲ ဆုံးသွား ပါတယ်” ဟု နာရေး ကူညီမှုများ လိုက်လံ လုပ်ဆောင် ပေးနေသည့် ကိုအောင်ကြီးမှ ပြောသည်။
ဆေးရုံ တက်ရောက် ကုသ ခဲ့စဉ် ကုန်ကျ စရိတ် များကို UNHCR မှ ထောက်ပံ့ ခဲ့ကာ မလေးရှား ရင်းဂစ် ၈၃၀၀ ကုန်ကျကြောင်း သိရှိ ရသည်။
ဇွန်လ တတိယ ပတ်ခန့်၌ မလေးရှား နိုင်ငံတွင် မြန်မာ နိုင်ငံသားများ ဆက်တိုက် အကြမ်းဖက် သတ်ဖြတ် ခံရကာ လူ (၁၀) ဦး ထက် သေဆုံး ခဲ့ရသည်။ ထိုဂယက် များကြောင့် လှုံခြုံမှု မရှိသည့် အခြေ အနေတွင် မလေးရှား၌ အလုပ် လုပ်ကိုင် နေကြသည့် မြန်မာ နိုင်ငံသား အများ အပြားလည်း ပြည်တော် ပြန်ခဲ့ ကြသည်။
အကြမ်းဖက် ဖြစ်စဉ် တရားခံ များအား ဖော်ထုတ် ပေးရန် မြန်မာ အစိုးရမှ မလေးရှား အစိုးရအား ဖိအားပေး တောင်း ဆိုမှုများ ရှိနေ သော်လည်း ယနေ့အထိ တစ်ဦး တစ်ယောက်မျှ ဖော်ထုတ် နိုင်သေးခြင်း မရှိပေ။

No comments:
Post a Comment