Friday, August 16, 2013

သေဆုံး မြန်မာ သင်္ဘောသားတွေ လျော်ကြေးရ

ABC

မြန်မာ ​သင်္ဘောသားတွေပဲပါဝင်တဲ့ ​သင်္ဘောတစင်း ​ဖိလိပိုင်နိုင်ငံ ​ရေပိုင်နက်ထဲမှာ ​နစ်မြုပ်ခဲ့တဲ့ ​အတွက် ​ပျောက်ဆုံးနေတဲ့ ​သင်္ဘောသားတွေရဲ့ ​မိသားစုဝင်တွေနဲ့ ​အသက်ရှင်ကျန်ရစ်တဲ့ ​သင်္ဘောသား ​တွေအတွက် ​သင်္ဘောပိုင် ​ကုမ္ပဏီက ​မနေ့က ​လျော်ကြေးငွေအမေရိကန်ဒေါ်လာ ​၉ ​သိန်းကျော် ​ပေးအပ်ခဲ့တယ်လို့ ​သိရပါတယ်။

နစ်မြုပ်သွားတဲ့ ​သ ​င်္ဘော ​မှာ ​မြန်မာ ​သင်္ဘောသားတွေ ​ချည်းပဲ ​ပါဝင်တဲ့ ​သင်္ဘောဖြစ်ပြီး ​ခုချိန်ထိ ​၁၄ ​ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ​၁ ​ဦးသေဆုံးကာ ​၉ ​ဦးကတော့ ​အသက်ရှင် ​ကျန်ရစ်တယ်လို့ ​သိရပါတယ်။

ဖေဖော်ဝါရီ ​၁၆ ​ရက်နေ့က ​အမ်ဗီ ​ဟာရေတာ ​ဘောက်ဆက် ​(M.V.HARITA ​BOUXITE) ​နာမည်ရှိတဲ့သင်္ဘောဟာ ​အင်ဒိုနီးရှားနိုင်ငံကနေ ​တရုတ်နိုင်ငံကို ​နီကယ်မြေကြီးတွေ ​တင်ဆောင်လာရင်း ​စက်ချို့ယွင်းမှု ​ဖြစ်ပြီး ​ဖိလိပိုင်နိုင်ငံ ​Luzon ​West ​Cost ​ကျွန်းနဲ့ ​၂၅ ​မိုင်အကွာမှာ ​နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

လျော်ကြေးငွေ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​သင်္ဘောပိုင် ​ကုမ္ပဏီရဲ့ ​မြန်မာ ​ဌာနေ ​ကိုယ်စားလှယ် ​S.S.R\ ​Big ​Trans ​Shipping ​က ​ဦးသန်းနိုင်က ​အခုလို ​ပြောပါတယ်။

“ပြီးခဲ့တဲ့ ​ဖေဖော်ဝါရီလကတည်းက ​နစ်မြုပ်သွားတာဟာ ​အခုထိဆိုရင် ​၆ ​လနီးပါး ​ကြာသွားပြီ။ ​သေဆုံးသွားတဲ့ ​သူကော ​ပျောက်ဆုံးသွားတဲ့ ​သူတွေကော၊ ​ဒဏ်ရာရတဲ့ ​သူတွေကော ​အသက်ရှင်တဲ့ ​သူတွေအတွက်ကော ​ထိုက်သင့်သည့်အားလျော်စွာ ​သူ့သတ်မှတ်ထားတဲ့ ​နှုန်းထား ​အရလျော်ကြေးတွေကို ​အသီးသီး ​အပြည့်အဝ ​ဒီနေ့ဟာ ​နောက်ဆုံးပေးအပ်ခြင်းဖြစ်တယ်။”

သင်္ဘောနစ်မြုပ်ခဲ့တဲ့နေရာဟာ ​အန္တရာယ် ​အလွန်ကြီးတဲ့ ​ရေစီးချောင်းတွေ ​ရောထွေးနေတဲ့ ​နေရာတစ်ခုဖြစ်ပြီး ​ဖိလိပိုင်အစိုးရရဲ့ ​ငါးမန်းဘေးမဲ့ဇုံ ​တစ်ခုဖြစ်တယ်ဆိုတဲ့ ​အကြောင်း ​အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ​သင်္ဘောရဲ့ ​ကပ္ပတိန် ​ဦးကြည်ဝင်းက ​ပြောပါတယ်။

အခုနစ်မြုပ်ခဲ့တဲ့သင်္ဘောဟာ ​အင်ဒိုနီရှားပိုင် ​သင်္ဘောဖြစ်ပြီး ​စင်္ကာပူနိုင်ငံအခြေစိုက် ​Ocean ​Sentinels ​Ship ​Management ​ကုမ္ပဏီက ​ကြီးကြပ်တယ်လို့ ​သိရတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

No comments: