ABC
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အုပ်ချုပ်ရေးပိုင်းက အဓိက လုပ်ဆောင်မှ ဖြစ်လာ နိုင်မယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဖြစ်လာ နိုင်ဖို့ တားမြစ်ထားတဲ့ ပုဒ်မတွေအပြင် အာဏာရှိ ပုဂ္ဂိုလ်တွေက ဥပဒေ အထက်မှာ ရှိနေတာတွေနဲ့ လွှတ်တော်မှာ စစ်တပ်ကနေ ၂၅% နေ ရာယူထားတဲ့ အချက်တွေကြောင့် အစိုးရ အနေနဲ့ ဥပဒေ ပြင်ဆင် ပြောင်းလဲရေးကို ဆောင်ရွက်မယ် ဆိုရင်တောင် လွှတ်တော်ကနေ အတားအဆီး ပြု လုပ်နိုင်တယ်လို့ ဒီမိုကရေစီရေး လုပ်ကိုင်ဆောင် ရွက်နေသူတွေက ဆိုပါတယ်။
လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကတော့ အခြေခံ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးကို သမတဦးသိန်းစိန်ရဲ့သဘောတူညီချက်ရမှ ဖြစ်နိုင်မယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့တလက မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြုလုပ်ဖို့ လွှတ်တော်အမတ် ၁၀၉ ဦးပါဝင်တဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို ဖွဲ့ခဲ့ပြီး၊ လက်ရှိ အစိုးရပါတီ ဖြစ်တဲ့ USDP က ၅၂ဦး၊ စစ်တပ်က ၂၅ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ၇ဦး ပါဝင်ခဲ့ပါတယ်။
ဥပဒေပြင်ဆင်မှု ဘယ်လောက် အတိုင်းအတာအထိ အောင်မြင် နိုင်သလဲဆိုတာ အဓိက အုပ်ချုပ်ရေးဘက်ပါဝင်မှု အရေးကြီးတယ်လို့ ဆိုပါတယ်။
မြန်မာ့ အရေး စောင့်ကြည့် သုံးသပ်သူတွေကတော့ မြန်မာ နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြုလုပ်ဖို့ အဟန့်အတားက လွှတ်တော်တွင်းက စစ်တပ် ၂၅% က အဟန့်အတားပြု နိုင်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ကတော့ မြန်မာ နိုင်ငံသမ္မတ ဖြစ်လိုကြတဲ့ အကြောင်း ပြောခဲ့ပြီး သမ္မတဦးသိန်းစိန်ကတော့ သမ္မတ အဖြစ် ပြန် လည် ရွေးကောက်ခံ မယ်ဆိုတာကို တရားဝင် ကြေညာတာ မရှိသေးဘူးလို့ သိရပါတယ်။

No comments:
Post a Comment