ABC
ထိုင်းနိုင်ငံတောင်းပိုင်း ထိန်းသိမ်းရေးစခန်းက ခိုလှုံခွင့်တောင်းခံသူ ရိုဟင်ဂျာအုပ်စု တစ်စု ထိန်းသိမ်းရေး စခန်းကနေ ထပ်မံ ထွက်ပြေးသွားတယ်လို့သိရပါတယ်။
မနေ့က ထွက်ပြေးထွက်သွားတဲ့အဖွဲ့မှာ အယောက်ပေါင်း ၈၇ယောက်ပါဝင်ပြီး ထိန်းသိမ်းရေး စခန်းက သံတိုင်တွေကို ဖြတ်တောက်ပြီးတော့ အုတ်နံရံတွေကို တွယ်တက်ပြီး အနီးတ၀ှက်မှာရှိတဲ့ ရာဘာခြံတွေထဲမှာ ထွက်ပြေးသွားတာဖြစ်လို့ တောင်ပိုင်း ဆွန်ကလပ်ခရိုင် ရဲအရာရှိတဦးကပြောပါတယ်။ အခုဆိုရင် ထွက်ပြေးသွားသူတွေကိုလည်း အကြီးအကျယ် ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကလည်း ထိန်းသိမ်းရေးစခန်းကို ဖျက်ပြီးတော့ ရိုဟင်ဂျာ အယောက် ၃၀ ပါအုပ်စု တစ်စု ထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ လှေတွေနဲ့ထွက်ပြေးလာပြီး ထိုင်းနိုင်ငံတ၀ှမ်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရိုဟင်ဂျာ အယောက်ပေါင်း တစ်ထောင့်ရှစ်ရာကျော် ရှိတယ်လို့ သိရပါတယ်။ အခုလို ထွက်ပြေးသွားတဲ့ ခိုလှုံခွင့် တောင်းခံသူ ရိုဟင်ဂျာတွေဟာ ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ဒုက္ခပေးမှာကို စိုးရိမ်တဲ့ အကြောင်း ထိုင်းနိုင်ငံ ဒု ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။
ရိုဟင်ဂျာကိစ္စကို အဖြေရှာ ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ တပတ်ကပဲ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ကြပြီးတော့ ဒါကိုဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံအနေက ကုလသမဂ္ဂနဲ့လည်း ဆွေးနွေးညှိနှိုင်းသွားဖို့ရှိတယ်လို့ သိရပါတယ်။

No comments:
Post a Comment