Friday, August 9, 2013

ကုလ အထူးကိုယ်စားလှယ် မြန်မာပြည် လာမည်

ABC

မြန်မာနိုင်ငံက ​လူ့အခွင့်အရေးဆိုင်ရာ ​အခြေအနေတွေကို ​စစ်ဆေးလေ့လာဖို့အတွက် ​ကုလသမဂ္ဂ ​အထူးကိုယ်စားလှယ် ​ထောမတ်စ် ​အိုဟေး ​ကွင်တားနား ​(Tomas ​Ojea ​Quintana) ​က ​မြန်မာနိုင်ငံကို ​သြဂုတ်လ ​၁၁ ​ရက်နေ့ကနေ ​၂၁ရက်နေ့အထိ ​လာရောက် ​လည်ပတ်သွားဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

မြန်မာအစိုးရရဲ့ ​ဖိတ်ခေါ်မှုနဲ့ ​လာရောက်လည်ပတ်မဲ့ ​ကုလသမဂ္ဂ ​အထူးကိုယ်စားလှယ်အနေနဲ့ ​ခရီးစဉ်အတွင်းမှာ ​ပြည်နယ်တွေ၊ ​အစိုးရတာဝန်ရှိသူတွေနဲ့ ​လူမှုအဖွဲ့အစည်းတွေနဲ့လည်း ​တွေ့ဆုံသွားဖို့ ​ရှိတယ်လို့ ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​အေဂျင်စီက ​ပြောပါတယ်။

မြန်မာနိုင်ငံက ​ပြုပြင်ပြောင်းလဲမှု ​ဆက်လက်လုပ်ဆောင်လာနေတာနဲ့အမျှ ​အစိုးရအနေနဲ့ ​နိုင်ငံတွင်းက ​နေရာတော်တော်များများမှာ ​သွားရောက်ခွင့်ပြုမှာဖြစ်တဲ့အတွက် ​လူ့အခွင့်အရေး ​အခြေအနေတွေကို ​လေ့လာသုံးသပ်ဖို့ ​သူ့အတွက် ​အခွင့်အရေးကောင်းတခု ​ဖြစ်တယ်လို့ ​ထောမတ်စ် ​အိုဟေး ​ကွင်တားနား ​ကပြောတဲ့အကြောင်း ​ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာ ​မဟာမင်းကြီးရုံးက ​ထုတ်ပြန်တဲ့ ​ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်းမှာ ​မြန်မာနိုင်ငံအနောက်ပိုင်း ​ရခိုင်ပြည်နယ်ကိုလည်း ​သွားရောက်ဖို့ရှိတယ်လို့ ​ဆိုပါတယ်။ ​ခရီးစဉ်ရဲ့ ​အမြင်နဲ့ပတ်သက်ပြီး ​ခရီးစဉ် ​နောက်ဆုံးရက်မှာ ​သတင်းစာရှင်းလင်းပွဲ ​ပြုလုပ်သွားမှာဖြစ်ပါတယ်။ ​ခရီးစဉ်နဲ့ ​ပတ်သက်တဲ့ ​အစီရင်ခံစာကိုတော့ ​အောက်တိုဘာလ ​၂၄ရက်နေ့ ​မှာ ​ပြုလုပ်မဲ့ ​ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံအတွင်းမှာ ​တင်ပြသွားဖို့ရှိတယ်လို့ ​သိရပါတယ်။

No comments: