Thursday, September 19, 2013

မြန်မာအလုပ်သမား လုပ်အားခလျော်ကြေးပြန်ရ

ABC

မြန်မာအလုပ်သမားတွေကို ​လုပ်အားခမပေးပဲ ​ခိုင်းစေခဲ့တဲ့ ​အလုပ်ရှင်ကို ​လျော်ကြေးငွေအနေနဲ့ ​ထိုင်းဘတ်ငွေ ​၈သောင်းကျော် ​ပြန်လည်ပေးအပ်ဖို့ ​တရားရုံးကအမိန့်ချမှတ်လိုက်တယ်လို့ ​သိရပါတယ်။

ထိုင်းနိုင်ငံ ​မဲဆောက်မြို့မှာရှိတဲ့ ​M1 ​အထည်ချုပ် ​စက်ရုံမှာ ​အလုပ်လုပ်ခဲ့တဲ့ ​မြန်မာအလုပ်သမား ​၁၉ဦးကို ​အလုပ်ရှင်က ​လုပ်အားခလစာမပေးပဲ ​၄၅ ​ရက်ကြာ ​ခိုင်းစေခဲ့တဲ့အတွက် ​အလုပ်သမားရေး ​အကူအညီပေးနေတဲ့ ​JACBA ​အဖွဲ့ရဲ့ ​အကူအညီနဲ့ ​ထိုင်းအလုပ်သမားတရားရုံးကို ​ပြီးခဲ့တဲ့လ ​လကုန်ပိုင်းမှာ ​တင်ပြတရားစွဲဆို ​ခဲ့တာဖြစ်ပါတယ်။

လုပ်အားခလစာ ​မပေးတဲ့အပေါ် ​တရားစွဲဆိုတဲ့ကိစ္စကို ​မဲဆောက်အခြေစိုက် ​မြန်မာနိုင်ငံသားများ ​အရေး ​ပူးတွဲလှုပ်ရှားမှုကော်မတီ ​(JACBA) ​တာဝန်ခံ ​ဦးမိုးကြိုးက ​အခုလိုပြောပါတယ်။

“ထိုင်းအလုပ်သမားဝန်ကြီးဌာန ​အလုပ်သမားကာကွယ်ရေးရုံး ​ဆဝါဒီကန်ရုံးတို့ ​ဘာတို့နဲ့ ​ချိတ်ဆက်ပြီး ​တော့ ​သူတို့လုပ်အားခတွေ ​ပြန်ရအောင်လုပ်တော့ ​ဒီ ​၁၉ ​ရက်အတွင်းမှာပဲ ​ဒီ ​၁၉ ​ယောက်က ​စုစုပေါင်း ​သူတို့တွက်ချက်မှုကတော့ ​ဘတ် ​၁ ​သိန်းခွဲလောက်ရှိတယ်၊ ​ဒါပေမယ့် ​အလုပ်ရှင်က ​ထွက်ချက်တာကတော့ ​ဘတ် ​၈ ​သောင်း ​၆ ​ထောင်ကျော်၊ ​အဲဒါကိုဒီနေ့ ​ပြန်ပေးလိုက်တယ်၊ ​အဲဒီတော့ ​ဒီနေ့ပထမအရစ်အနေနဲ့တော့ ​သူတို့ဘတ် ​၁၇၀၀၀ ​ဝန်းကျင်လောက် ​ပေးလိုက်တယ်၊ ​ဒုတိယအရစ်အနေနဲ့ ​လာမယ့်အောက်တိုဘာလ ​၂၂ ​ရက်နေ့ ​မှာ ​အပြီးချေမယ်။”

ဒီနှစ်ထဲမှာပဲ ​တာ့ခ်ခရိုင်အလုပ်သမားရုံးကို ​လုပ်အားခမရလို့ ​တိုင်ကြားတဲ့ ​အမှုပေါင်း ​ ၄၅ ​မှုရှိခဲ့ပြီး ​အဲ့ဒီအထဲမှာ ​စက်ရုံအလုပ်ရုံ ​၂၀ ​လောက်နဲ့ ​စိုက်ပျိုးရေး ​မွေးမြူရေးနဲ့ ​ဆောက်လုပ်ရေး ​လုပ်ငန်းတွေက ​၂၅ ​မှုလောက်ရှိခဲ့ကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: