Saturday, September 21, 2013

ကျောက်ဖြူဆန္ဒပြ ခေါင်းဆောင်ဆယ်ဦးကို အမိန့်ချမည့်ရက်ချိန်း ဒုတိယအကြိမ် ပြောင်းလဲ

ကေဇင်ဦး

မြန်မာ-တရုတ်ပိုက်လိုင်း အကောင်အထည်ဖော်သည့် တရုတ်ကုမ္ပဏီ CNPC ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုသည့် မဒေးကျွန်း ရွာသားဆယ်ဦး စီရင်ချက်ချမည့်ရက်ကို ဒုတိယအကြိမ် ရွှေ့ဆိုင်းလိုက်သည်ဟု တရားစွဲဆို ခံထားရသူများ၏ ရှေ့နေဦးထိန်လင်းက မဇ္ဈိမသို့ ပြောသည်။

“အရင်တစ်ခေါက်ကတော့ တရားသူကြီးဘက်က ချို့ယွင်းချက်၊ အခုကတော့ ကျွန်တော်တို့ဘက်က ချို့ယွင်းချက် ရုံးတက်တဲ့သူမစုံလို့ အမိန့်ချမယ့်နေ့ကို ရွှေ့ဆိုင်းလိုက်ရတာပါ”ဟု ဦးထိန်လင်းက ဆိုသည်။

အမှုကို ပထမတစ်ကြိမ် စက်တင်ဘာ ၁၂ ရက်တွင် အမိန့်ချမည်ကို တရားသူကြီးက အမှုစီရင်ချက် ရေးဆွဲမှု မပြီးပြတ်သေးဟုဆိုကာ စီရင်ချက်ချမည့်ရက်ကို စက်တင်ဘာ ၁၉ ရက်ထိ ရွှေ့ဆိုင်းထားခဲ့ပြီး ယခုအကြိမ်တွင် တရားရင်ဆိုင်နေရသူ ဆယ်ဦးအနက် ခုနစ်ဦးမှာ ခွင့်တိုင်ကြားခဲ့ပြီး ပျက်ကွက်ခဲ့သဖြင့် တရားစီ ရင်မည့်နေ့ကိုရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူ ဆယ်ဦးသည် ကျောက်ဖြူ-တရုတ်သို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ပတ်သက်ပြီး ဧပြီ ၁၈ ရက်က ဆန္ဒထုတ်ဖော်သည့် ဒေသခံများက ကျောက်ဖြူမြို့နယ်နှင့် မဒေးကျွန်းဒေသတွင် လျှပ်စစ်မီးရရှိရေး အပါအ၀င်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

No comments: