Saturday, September 7, 2013

ရှမ်းမြောက်ပိုင်းတွင် ကေအိုင်အို နှင့် အစိုးရတပ် တိုက်ပွဲဖြစ်၊ အခြေအနေတင်းမာ

ဖနိဒါ၊ သိင်္ဂီထွန်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ (၄) လက်အောက်ခံတပ်များနှင့် အစိုးရ စစ်တပ်တို့သည် စက်တင်ဘာ ၃ ရက်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ အခြေအနေဆက်လက် တင်းမာနေဆဲဟု KIA ပြည်သူ့စစ်တပ်ခွဲ (၅) ၏ တပ်ရင်းမှူးဇော်ဆိုင်းကပြောသည်။

ရှမ်းပြည်နယ်တွင်ဖြစ်ပွားသည့် ယခုတိုက်ပွဲများမှာ KIA တပ်၏ တပ်ရင်း ၃၆ က ထိန်းချုပ်ထားသော မွန်းဂိုးဒေသကို အစိုးရ၏ ခြေလျင်တပ်ရင်း ၅၇၈ ကရာနှင့်ချီသော စစ်သားအင်အားဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ် သည်ဟု တပ်ရင်းမှူးဇော်ဆိုင်းကဆိုသည်။

“အခုဒီနေ့ ကျွန်တော်တို့ တပ်ခွဲ (၅) ရှိတဲ့ နေရာကိုကပ်ရက်ရှိနေတယ်။ သူတို့က ထမင်းတွေချက်စားနေ တယ်။နှစ်နာရီလောက်မှာ ရောက်လာတာ။ သူတို့က မူဆယ်ဘက်ကနေ ရောက်လာတာ” ဟုလည်း ဇော်ဆိုင်းက လက်ရှိ အခြေအနေကို ရှင်းပြသည်။

ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များတွင်လည်း အစိုးရတပ်နှင့် KIO တပ်တို့ ကချင်ပြည်နယ် မချမ်းဘောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုဒေသတွင်လည်း နှစ်ဖက်တပ်များကြား တင်းမာနေဆဲဖြစ်ပြီး ဒေသခံဦးရေနှစ်ရာခန့်လည်း တိမ်းရှောင်နေကြရသည်။

အစိုးရနှင့် KIO တို့သည် ပြီးခဲ့သည် မေလနှောင်းပိုင်းက စစ်ရှိန်လျှော့ရေးအပါအ၀င် ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ယခုရက်သတ္တပတ်များအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မြောက်ပိုင်းတို့တွင် KIO တပ်နှင့် အစိုးရတပ်များအကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေခြင်းဖြစ် သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲတွင် KIA တပ်ရင်း ၃၆ မှ တပ်သားတစ်ဦးနှင့် ပြည်သူ့စစ်မှ လူငယ်တစ်ဦး ကျဆုံးကြောင်း ထိုတပ်မှ တပ်ရင်းမှူးက အတည်ပြုပြောကြားခဲ့သည်။

ရှမ်းမြောက်ပိုင်းမှ တိုက်ပွဲများဖြစ်ပွားနေသည်ကို ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြံပေး ဒေါက်တာ မင်းဇော်ဦးက အတည်ပြုသည်။

သူက “ရှမ်းမြောက်မှာက အဖွဲ့တွေများတယ်။ တချို့အဖွဲ့တွေက အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တွေချည်း မဟုတ်ဘူး။ အဲဒီတော့ တွေ့တာနဲ့ ပစ်တာခတ်တာတွေ ရှိနိုင်တယ်” ဟုသုံးသပ်သည်။

ထို့ပြင် ယင်းတိုက်ပွဲများဖြစ်ပွားကြခြင်းနှင့် ပတ်သက်၍လည်း “အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ဆိုရင် တပ်နေရာ ခိုင်မာဖို့။ တပ်တွေတစ်ဖက်နဲ့တစ်ဖက် သွားတဲ့နေရာမှာ အသိပေးကြဖို့လိုတယ်။ Code of Conduct လို့ ခေါ်တဲ့ စစ်ဘက်စည်းမျဉ်းတွေ၊ အရပ်ဘက် စည်းမျဉ်းတွေ နှစ်ဖက်လုံးက လိုက်နာကြဖို့ လိုတယ်” ဟုလည်း သူက ထောက်ပြသည်။

ဦးမင်းဇော်ဦးက နှစ်ဖက်တပ်များဆက် သွယ်ရေးလမ်းကြောင်းရှိရန် လိုအပ်ကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်း ရှိသည့် ကရင်အမျိုးအသားအစည်းအရုံးနှင့်ဆိုလျှင် အောက်ခြေတပ်များအချင်းချင်း တိုက်ပွဲမဖြစ်တော့ကြောင်း သူကရှင်းပြသည်။ ငြိမ်းချမ်းရေးစင်တာကလည်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ရိုက် သော်လည်းကောင်း၊ ကြားခံဖြင့်သော်လည်းကောင်း အကြံများပေးနေပြီဖြစ် ကြောင်းလည်း ၎င်းကဆက်ပြောခဲ့သည

No comments: