ABC
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ စင်္ကာပူနိုင်ငံကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံခရီးစဉ်ရဲ့ ဒီကနေ့ ပထနေ့မှာ ဒုနိုင်ငံခြားရေးဝန်ကြီး Grace Fu နဲ့ တွေ့ဆုံမှာဖြစ်ပြီး စင်္ကာပူနိုင်ငံ ထိပ်သီးညီလာနဲ့ ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။
စနေနေ့မှာတော့ စင်္ကာပူနိုင်ငံ ထိပ်သီး ညီလာခံ တက်ရောက်ပြီး ပြုပြင်ပြောင်းလဲမှုလမ်းစ ရောက်နေတဲ့ မြန်မာနိုင်ငံအကြောင်း မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စင်္ကာပူနိုင်ငံမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ ဆွေ့ဆုံမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းတွေမှာလည်း ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာအကြောင်း ဟောပြောမှာ ဖြစ်ပါတယ်။
တနင်္လာနေ့မှာတော့ စင်္ကာပူနိုင်ငံ ပါလီမာန်ကို လည်ပတ်မှာ ဖြစ်သလို သမ္မတ Tony Tan Keng Yam၊ ဝန်ကြီးချုပ် Lee Hsien Loong၊ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး Goh Chok Tong တို့နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံနှုတ်ဆက်လိုသူတွေ များပြားပေမယ့် စင်္ကာပူရှိ ကချင်အဖွဲ့အစည်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ကချင်လူမျိုးတွေကို ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကူအညီ မပေးနိုင်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ဆုံဖို့ ဆုံးဖြတ်တာဖြစ်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment