Friday, September 20, 2013

မြစ်ရေကြီးမှုကြောင့် ဧရာဝတီတိုင်းက ရွာတချို့နစ်မြုပ်

ABC

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ​ဧရာဝတီတိုင်း ​ဟင်္သာတမြို့နယ် ​အနိမ့်ပိုင်းမှာရှိတဲ့ ​ကျေးရွာတွေ ​ရေနစ်မြုပ်နေတဲ့အတွက် ​ဒေသခံတွေကို ​ကယ်ဆယ်ရေးစခန်းမှာ ​ပြောင်းရွေ့ခိုင်းလိုက်ပြီ ​လို့သိရပါတယ်။

အခုဆိုရင် ​ဧရာဝတီမြစ်ရေမှာ ​စိုးရိမ်ရေအမှတ်ထက် ​၂ ​ပေမြင့်တက်လာပြီး ​ဆက်လျက်မြင့်တက်ဖို့ ​ရှိတဲ့အတွက် ​ဒေသခံတွေက ​ရေဘေး ​အရေးပေါ်ကယ်ဆယ်မှုတွေကို ​စက်တင်ဘာလ ​၁၉ရက်နေ့က ​ စပြီး ​လို့ ​ဆိုပါတယ်။

အခုရေစတင်နစ်မြုပ်နေတဲ့ ​နေရာဖြစ်တဲ့ ​စစ်ကုန်းအုပ်စု ​ရေလယ်သောင်ကျေးရွာဟာ ​မြေနိမ့်ပိုင်းမှာ ​ရှိ ​တဲ့အတွက် ​နှစ်စဉ် ​မြစ်ရေတက်မှုဒဏ် ​ခံစားခဲ့ရပေမယ့် ​ဒီနှစ် ​ဧရာဝတီမြစ်ရေဟာ ​စိုးရိမ်ရေ ​အမှတ်ထက် ​ကျော်လွန်လာတဲ့အတွက် ​ရွာသားတွေနဲ့အတူ ​အိမ်မွေးတိရိစ္ဆာန်နဲ့ ​ကျွဲ၊ ​နွား၊ ​ဝက်တွေကို ​ရေဘေးကင်းလွတ်မဲ့ ​ကယ်ဆယ်ရေးစခန်းတွေကို ​ယာယီရွှေ့ပြောင်းမှုတွေ ​လုပ်ဆောင်နေတာဖြစ်တယ်လို့ ​စစ်ကုန်းကျေးရွာ ​ဒေသခံ ​အုပ်ချုပ်ရေးမှူး ​ဦးကျော်သူရက ​ပြောပါတယ်။ ​ကယ်ဆယ်ရေးစခန်းတွေမှာ ​စားနပ်ရိက္ခာ၊ ​ဆေးဝါး၊ ​သောက်သုံးရေနဲ့ ​ကျန်းမာရေးစောင့်ရှောက်မှုတွေ ​လိုအပ်နေတယ်လို့လည်းဆိုပါတယ်။

လက်ရှိ ​ကယ်ဆယ်ရေးစခန်း ​သုံးခုဖွင့်ထားပြီး ​အိမ်ထောင်စုပေါင်း ​၁၀၀ ​လောက်နဲ့အတူ ​ကျွဲနွားနဲ့ ​အိမ်မွေးတိရိစ္ဆာန် ​၆၀ ​လောက်ကို ​ရွှေ့ထားပြီးလို့ ​မြို့နယ်ဒုဦးစီးမှူး ​ဦးဝင်းဇော်ဦးက ​ဆိုပါတယ်။

အခုမြစ်ရေကြီးမှုဟာ ​ပြီးခဲ့တဲ့ ​၂၀၀၄ ​ခုနှစ်က ​နာဂစ်မုန်တိုင်းဖြစ်ပေါ်ခဲ့တဲ့ ​ရေလွှမ်းမိုးနဲ့ ​တူညီနေတဲ့အတွက် ​နောက်ထပ်ရေတက်မယ်ဆိုရင်တော့ ​မပြောင်းရွှေ့တဲ့ ​မိသားစုတွေအတွက် ​အခက်အခဲရှိနိုင်တယ်လို့ ​ဒေသခံ ​ရပ်ကွက်လူကြီးဟောင်း ​ဦးဌေးဝင်းကပြောတဲ့အကြောင်း ​မြစ်မခ ​သတင်းရသိရပါတယ်။

အခုမြစ်ရေကြီးမှုနဲ့ပတ်သက်ပြီး ​မြန်မာနိုင်ငံ ​မိုးလေ၀သနဲ့ ​ဇလဗေဒဦးစီးဌာနက ​ထုတ်ပြန်ချက် ​တစုံတရာမရှိသေးဘူးလို့လည်းသိရပါတယ်။

No comments: