Monday, September 23, 2013

မြန်မာ ပြောင်းလဲမှုက တဖက်သတ် ဆန်တဲ့ ပြောင်းလဲမှုလို့ ဒေါ်စုဆို

ABC

အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​စင်္ကာပူနိုင်ငံ ​ခရီးစဉ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေ ​ပြောင်းကို ​ပြောင်းရမယ်လို့ ​ပြောခဲ့သလို ​မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ​ပြုပြင် ​ပြောင်းလဲမှု ​တွေဟာလည်း ​အတိုက်အခံနဲ့ ​အစိုးရတို့ ​ညှိနှိုင်း ​တိုင်ပင် ​လုပ်ဆောင်သွားတဲ့ ​ပြောင်းလဲမှုမဟုတ်ပဲ ​တဖက်သတ်ဆန်တဲ့ ​ပြုပြင်ပြောင်းလဲမှုသာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

စင်္ကာပူ ​နိုင်ငံ ​ခရီးစဉ်အတွင်း ​မြန်မာ ​မိ ​သား ​စု ​တွေ ​နဲ့ ​တွေ့ဆုံ ​စဉ်မှာ ​ပြောခဲ့တာ ​ဖြစ်ပါတယ်။

ဟန်ဂေရီ၊ ​ချက်နဲ့ ​ပို ​လန် ​နိုင် ​ငံ ​မှာ ​ဖြစ် ​ခဲ့ ​တဲ့ ​နိုင်ငံရေး ​ပြုပြင် ​ပြောင်းလဲရေး ​တွေမှာ ​အတိုက် ​အခံဖက်နဲ့ ​အာဏာရှင်ဖက် ​ဆွေးနွေး ​ညှိနှိုင်းပြီးမှ ​ဆုံးဖြတ်ချက်တွေ၊ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥ ​ပ ​ဒေ ​တွေ ​ရေး ​ဆွဲ ​ကြတာ ​ဖြစ်ပေမယ့် ​မြန်မာ ​နိုင်ငံမှာတော့ ​အစိုးရ ​ဖက်ကနေ ​တဖက်သတ် ​ဆုံးဖြတ် ​လုပ်ဆောင်တာ ​ဖြစ်တယ်လို့ပြောပါတယ်။

အဲ့ဒါ့အပြင် ​မြန်မာနိုင်ငံမှာ ​တရားဥပဒေစိုးမိုးမှုမရှိပဲ ​လူမျိုးရေး၊ ​ဘာသာရေး ​ပဋိပက္ခတွေ ​ဆက်ဖြစ်မယ်ဆိုရင် ​ရင်းနှီးမြုပ်နှံလိုသူတွေ ​ဝင်ရောက်ရဲမှာမဟုတ်ဘူးလို့လည်း ​ပြောလိုက်ပါတယ်။

ရင်းနှီးမြုပ်နှံသူတွေအနေနဲ့လည်း ​တဖက်သတ်အမြတ်ကိုသာ ​မကြည့်ပဲ ​တာဝန်သိတဲ့ ​ရင်းနှီးမြုပ်နှံမှုမျိုး ​ဖြစ်ဖို့ ​လိုကြောင်းလည်း ​ပြောပါတယ်။

တဆက်တည်းမှာပဲ ​စင်္ကာပူနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​ပညာတတ်မြန်မာတွေအနေနဲ့ ​တတ်နိုင်သလောက် ​တစ်နည်းတစ်လမ်းအားဖြင့် ​မြန်မာနိုင်ငံကို ​အကူအညီပေးကြဖို့လည်း ​တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​ဒီကနေ့မှာတော့ ​စင်္ကာပူနိုင်ငံ ​ဝန်ကြီးချုပ် ​Lee ​Hsien ​Loong ​နဲ့ ​တွေ့ဆုံဖို့ ​ရှိကြောင်းလည်း ​သိရပါတယ်။

No comments: