ABC
မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍတွေမှာ ပိုမို ပူးတွဲလုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ တွေ့ဆုံအပြီးမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေ ပိုမို လုပ်ဆောင်ဖို့အတွက် မကြာခင်မှာ သဘောတူ လက်မှတ် ရေးထိုးသွားဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြိး Fumio Kishida က ဦးဝဏ္ဍမောင်လွင်နဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင်လုပ်ငန်း ကဏ္ဍနှစ်ခုစလုံးမှာ ထောက်ပံ့ကူညီမှုပေးသွားမှာဖြစ်ပြီးတော့ အဲဒီထဲမှာ ပိုမိုခိုင်မာတဲ့ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ ကူညီသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဲဒါအပြင် မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင်အာရှ အာဆီယံ နိုင်ငံများအသင်း ဥက္ကဌ ဖြစ်လာတဲ့အခါကျရင် ခေါင်းဆောင်ကဏ္ဍ အထူးသဖြင့် တောင်တရုတ်ပင်လယ်ပင်ကိစ္စနဲ့ မြောက်ကိုးရီးယားနိုင်ငံက နျူးကလီးယား ကိစ္စတွေနဲ့ ဆက်ဆံရတဲ့အခါ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်တဲ့ကြောင်း ပြောပါတယ်။
တဆက်တည်းမှာပဲ ဂျပန်နိုင်ငံထုတ် Mazda ကားထုတ်လုပ်ရေးလုပ်ငန်းက ကားတွေကိုလည်း လာမယ့်နှစ်ကျရင် မြန်မာနိုင်ငံတွင်းမှာစတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
No comments:
Post a Comment