Friday, September 6, 2013

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုနဲ့ အမျိုးသားတဦး ထောင် ၇နှစ်ချမှတ်ခံရ

ABC

စစ်ကိုင်းတိုင်းဒေသကြီး ​ကန့်ဘလူမြို့နယ် ​ထန်းကုန်းကျေးရွာမှာ ​ပဋိပက္ခစတင်ဖြစ်ပွားအောင် ​မီးမွေးလိုက်သလို ​ဖြစ်ခဲ့တဲ့ ​ဖြစ်ရပ်မှာ ​ပါဝင်တဲ့ ​မွတ်စလင်အမျိုးသားတစ်ဦးကို ​ကန့်ဘလူတရားရုံးက ​ထောက်ဒဏ် ​၇ ​နှစ် ​ချမှတ်လိုက်ပါတယ်။

ဆန်းမြင့်ဦး ​လို့ခေါ်တဲ့ ​မွတ်စလင်အမျိုးသားဟာ ​ဗုဒ္ဓဘာသာဝင် ​အမျိုးသမီးအပေါ် ​အဓမ္မပြုကျင့်ဖို့ ​ကြံစည်မှုနဲ့ ​ထောင်ဒဏ် ​၇ ​နှစ် ​ချမှတ်ခံခဲ့ရတာ ​ဖြစ်ပါတယ်။

သြဂုတ်လ ​၂၄ ​ရက်တုန်းက ​အသက် ​၂၅ ​နှစ်အရွယ် ​မြန်မာအမျိုးသမီးတစ်ဦးအပေါ် ​ဆွဲလားရမ်းလားလုပ်ခဲ့တဲ့အတွက် ​ဆန်းမြင့်ဦးကို ​အာဏာပိုင်တွေက ​ထိန်းသိမ်းခဲ့ပြီး ​ဆန်းမြင့်ဦးကို ​အပြင်ထုတ်ပေးဖို့ ​ဒေါသထွက်နေတဲ့ ​လူအုပ်ကြီးက ​အော်ဟစ်တောင်းဆိုခဲ့ကြပြီးနောက် ​မွတ်စလင်တွေရဲ့ ​အိမ်တွေ၊ ​ဆိုင်တွေကို ​ဖျက်ဆီးခဲ့ကြတဲ့အတွက် ​လူပေါင်း ​ရာနဲ့ချီ ​အိုးအိမ်မဲ့ ​ဖြစ်နေရပါတယ်။

ဆန်းမြင့်ဦးကို ​မန္တလေးထောင် ​ပို့ဆောင်လိုက်ပြီလို့လည်း ​ရဲအရာရှိတစ်ဦးက ​အေအက်ဖ်ပီ ​သတင်းကို ​ပြောခဲ့ပါတယ်။

ဆန်းမြင့်ဦးအနေနဲ့ ​ချမှတ်ခံရတဲ့ ​ပြစ်မှုတွေဟာ ​တရားမျှတမှု ​မရှိဘူးလို့ ​တချို့တွေက ​သုံးသပ်နေကြကြောင်းလည်း ​သိရပါတယ်။

ကန့်ဘလူ ​ပဋိပက္ခမှာ ​ပါဝင်သူ ​၁၁ ​ဦးကိုလည်း ​ရဲတွေက ​ဖမ်းဆီးထားပြီး ​အမှုကို ​စစ်ဆေးနေကြောင်းလည်း ​သိရပါတယ်။ ​ပြီးခဲ့တဲ့ ​နှစ်ကစပြီး

မြန်မာနိုင်ငံဒေသတချို့မှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး၊ ​ဘာသာရေး ​ပဋိပက္ခတွေကြောင့် ​လူပေါင်း ​၂၅၀ ​လောက် ​သေဆုံးခဲ့ရပြီး ​လူပေါင်း ​တစ်သိန်းလေးသောင်းကျော် ​အိုးအိမ်မဲ့ ​ဖြစ်နေရပြီးတော့ ​အများစုက ​မွတ်စလင်တွေ ​ဖြစ်ကြပါတယ်။

No comments: