Tuesday, September 10, 2013

၉၆၉ လှုပ်ရှားမှုအပေါ် သံဃမဟာနယက ဝေဖန်တာကို သံဃာတချို့ပယ်ချ

ABC

ဗုဒ္ဓဘာသာ ​အမှတ်တံဆိပ် ​အဖြစ်နဲ့ ​၉၆၉ ​အမှတ်တံဆိပ် ​အသုံးပြုပြီး ​လှုပ်ရှားမှုတွေ ​လုပ်ဆောင်နေတာဟာ ​နိုင်ငံတော်သံဃမဟာနယက ​အဖွဲ့ရဲ့ ​စည်းမျဉ်းတွေနဲ့ ​မကိုက်ညီဘူးလို့ ​ပြောဆိုတာကို ​၉၆၉ ​လှုပ်ရှားမှုမှာ ​ပါဝင်တဲ့ ​ရဟန်းသံဃာတော် ​အချို့က ​ပယ်ချလိုက်ပါတယ်။

၉၆၉ ​အမှတ် ​တံဆိပ်ကို ​အသုံးပြုပြီး ​လှုပ်ရှားမှုတွေ ​ပြုလုပ်နေတာဟာ ​သံဃာမဟာနယက ​အဖွဲ့ကထုတ်ပြန်ထားတဲ့ ​ဥပဒေတွေနဲ့ ​မကိုက်ညီဘူးဆိုပြီး ​သံဃမဟာနာယက ​အဖွဲ့က ​သြဂုတ်လ ​တုန်းက ​ပြောဆိုပြီး ​တိုင်းနဲ့ ​ပြည်နယ် ​အသီးသီးမှာ ​ညွန်ကြားချက်တွေ ​ထုတ်ပြန်ခဲ့ပါတယ်။

ဆရာတော်တစ်ပါးဖြစ်တဲ့ ​အင်းစိန်ရွာမ ​ပရိယတ္တိ ​စာသင်တိုက်မှ ​အရှင် ​တီလောကဘိဝံသကတော့ ​မြန်မာနိုင်ငံအတွင်းမှာ ​ဖြစ်ပွားခဲ့တဲ့ ​လူမျိုးရေး ​ဘာသာရေး ​အကြမ်းဖက်မှုတွေ ​ဟာ ​၉၆၉ ​လှုပ်ရှားမှုကြောင့် ​ဖြစ်တာ ​မဟုတ်ပဲ ​၉၈၉ ​လှုပ်ရှားမှုဟာ ​အမျိုးဘာသာ ​သာသနာ ​နဲ့ ​ပတ်သက်ပြီး ​လုပ်ဆောင်နေတာ ​ဖြစ်တယ်လို့ ​အခုလို ​မိန့်ပါတယ်။

“ငြိမ်းချမ်းရေး ​လိုက်ဟောနေတဲ့ ​ကိုယ်အမျိုးဘာသာ ​သာသနာ ​ချစ်တတ်တဲ့ ​စိတ်တွေ ​လိုက်ပြီးဟောနေတာပါ။ ​သူများကို ​လိုက်ပြီး ​ပုတ်ခတ်တာတော့ ​မရှိသလောက်ပါပဲ။ ​နိုင်ငံတော် ​သံဃာမဟာနာယက ​က ​မှုလထုတ်ပြန်ချက်က ​အဲဒီလောက်တောင်ရောက်ချင်မှာ ​ရောက်မှာပါ။ ​နောင်ပိုင်းမှာ ​ဒီလှုပ်ရှားမှုကို ​လုပ်နေတာကို ​မလိုတဲ့ ​လူတွေ ​လိုက်ပြီး ​ဖွနေတဲ့ ​သဘောရှိပါတယ်။ ​သံဃာမဟာနာယကက ​မှုလ ​၇ည်ရွယ်ချက် ​အဲဒီလောက်တောင် ​၇ှိမယ်မထင်ပါဘူး”

မိမိတို့ရဲ့ ​အမျိုးဘာသာ ​သာသနာကို ​ထိန်းသိမ်းစောင့်ရှောက်ဖို့ ​ဆိုတဲ့ ​ရည်ရွယ်ချက်နဲ့ ​၂၀၁၂ ​ခုနှစ်အတွင်းမှာ ​၉၆၉ ​အမှတ်တံဆိပ်ကို ​မော်လမြိုင်ဘက်က ​သံဃာတော် ​အချို့က ​စတင်ခဲ့တာ ​ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ​မိတ္ထီလာ၊ ​လားရှိုး၊ ​ရခိုင်ပြည်နယ် ​စတဲ့ ​နေရာဒေသတွေမှာ ​ဘာသာရေး ​လူမျိုးရေးနဲ့ပတ်သက်ပြီး ​အဓိကရုန်းတွေ ​ဖြစ်လာပြီးတဲ့ ​နောက်မှာ ​၉၆၉ ​ဟာ ​ဘာသာရေးအရ ​ခွဲခြားဆက်ဆံမှုတွေ ​ပြုလုပ်တဲ့ ​ကိစ္စဖြစ်တယ်ဆိုပြီးတော့ ​ပြောဆိုမှုတွေရှိလာပြီးတဲ့နောက်ပိုင်း ​၉၆၉ ​လှုပ်ရှားမှုဟာ ​သံဃာမဟာနာယကအဖွဲ့ရဲ့ ​ဥပဒေနဲ့ ​မကိုက်ညီဘူးလို့ ​ထုတ်ပြန်ခဲ့တဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​ဝေစန္ဒာကျော်က ​သတင်းပေးပို့ထားပါတယ်။

No comments: