Thursday, September 12, 2013

မြန်မာပြည် ဆက်သွယ်ရေး စနစ်သစ်လုပ်ငန်း စတင်ဆွေးနွေး

ABC

မြန်မာနိုင်ငံမှာ ​လက်ရှိကျင့်သုံးနေတဲ့ ​ဆက်သွယ်ရေးစနစ်ဟောင်းတွေကနေ ​ပြည်သူတွေကို ​၀န်ဆောင်မှု ​ပိုမိုလုပ်ဆောင်ပေးနိုင်မဲ့ ​အစီအစဉ်တွေကို ​ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် ​မြန်မာနိုင်ငံတွင်းမှာ ​ဆက်သွယ်ရေးလုပ်ငန်း ​လိုင်စင်ရထားတဲ့ ​ကုမ္ပဏီတွေက ​စီစဉ် ​ဆောင်ရွက်နေပြီလို့ ​ဆိုပါတယ်။

ဆက်သွယ်ရေး ​ကုမ္ပဏီတွေက ​အခုလို ​စီစဉ်ဆောင်ရွက်မှုတွေ ​လုပ်ဆောင်နေပြီးဆိုတဲ့အကြောင်းကို ​နေပြည်တော်မှာ ​ကျင်းပပြုလုပ်နေတဲ့ ​ဆက်သွယ်ရေးလုပ်ငန်း ​ဆွေးနွေးပွဲအတွင်းမှာပြောလိုက်တာ ​ဖြစ်ပါတယ်။ ​ဆွေးနွေးပွဲကို ​မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နဲ့ ​ရတနာပုံတယ်လီပို့ ​ကုမ္ပဏီ(YPT) ​အပြင် ​ဆက်သွယ်ရေးလိုင်စင် ​ရရှိထားတဲ့ ​Telenor ​နဲ့ ​Ooredoo ​ကုမ္ပဏီတို့ ​ပါဝင်တက်ရောက် ​ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ​လာမယ့် ​၂၀၁၅ ​ခုနှစ်ကျရင် ​လူဦးရေသန်း ​၃၀ ​အထိ ​မိုဘိုင်းဖုန်း ​အသုံးပြုနိုင်အောင် ​ဆက်သွယ်ရေး ​လုပ်ငန်းတွေက ​ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုဆောင်နေချိန်မှာ ​စိန်ခေါ်မှုအသစ်တွေနဲ့ကြုံရပေမယ့် ​ဈေးကွက်မှာ ​ပြိုင်ဆိုင်နိုင်ဖို့အတွက် ​မိတ်ဖက် ​အဖွဲ့အစည်းတွေနဲ့ ​ပူးပေါင်းဆောင်ရွက်သွားမှာပါဖြစ်တယ်လို့ ​မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ​MPT ​က ​ဦးဆောင် ​ညွှန်ကြားရေးမှူး ​ဦးအောင်မော်ကပြောပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေ ​မြန်မာ့ဆက်သွယ်ရေးကဏ္ဍာထဲကို ​ဝင်ရောက်လာတဲ့အတွက် ​ရင်းနှီးမြှုပ်နှံမှုသာမက ​နည်းပညာနဲ့ ​ကျွမ်းကျင်မှုတွေပါ ​ယူဆောင်လာမှာဖြစ်တဲ့အတွက် ​မြန်မာ့ ​ဆက်သွယ်ရေး ​လုပ်ငန်းအတွက် ​အလွန်အထောက်အကူပြုသလို ​ရတနာပုံ ​တယ်လီပို့ ​အနေနဲ့ ​ကလည်း ​ရေရှည်လက်တွဲလုပ်ကိုင်မဲ့ ​လုပ်ငန်းရှင်တွေလိုအပ်တယ်လို့ ​ရတနာပုံတယ်လီပို့ ​ကုမ္ပဏီကအမှုဆောင်အရာရှိချုပ် ​ဦးတင်ဝင်းက ​ပြောတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: