Tuesday, September 17, 2013

ဒလိုင်လားမား နဲ့ ဒေါ်စုတွေ့ဆုံမှု တရုတ်ဒေါ်သထွက်နိုင်

ABC

အရှေ့ဥရောပ၊ ​ချက်နိုင်ငံ ​Prague ​မြို့ ​Forum ​2000 ​မျက်နှာ ​စုံညီ ​နှီးနှော ​ဖလှယ်ပွဲ ​မှာ ​တက်ရောက် ​နေကြတဲ့ ​ငြိမ်းချမ်းရေး ​နိုဘယ် ​ဆုရှင်များ ​ဖြစ်ကြတဲ့ ​ဒေါ်အောင် ​ဆန်းစုကြည် ​နဲ့ ​တိဘက်ဘုန်းတော်ကြီး ​Dalai ​Lama ​တို့ ​ဟာ ​အစည်းအဝေး ​အပြင်ဘက်မှာ ​သီးသန့်တွေ့ဆုံ ​ခဲ့ကြတယ်လို့ ​သိ ​ရ ​ပါတယ်။

အခုလို ​Dalai ​Lama ​နဲ့တွေ့ ​ဆုံခဲ့တဲ့ ​အတွက်ကြောင့် ​အနောက်တိုင်း ​မီဒီယာ ​တွေက ​ဒေါ်အောင်ဆန်း ​စုကြည်ရဲ့ ​အခုလို ​လုပ်ရပ်ကြောင့် ​တရုတ် ​နိုင်ငံအစိုးရ ​ကို ​အမျက် ​ဒေါသ ​ထွက်စေ ​နိုင်တယ်လို့ ​ပြောဆိုနေ ​ကြပါတယ်။

မြန်မာ ​နိုင်ငံ ​အဖို့ ​အရင်းနှီးဆုံး ​အိမ်နီးချင်း ​တရုတ် ​နိုင်ငံဟာ ​နိုင်ငံတကာ ​ခေါင်းဆောင်မှန်သမျှ ​ကို ​Dalai ​Lama ​နဲ့ ​တွေ့ဆုံ ​အသိ ​အမှတ်ပြုတာ ​ကို ​အစဉ် ​အဆက် ​ဆန့်ကျင် ​ခဲ့ပါတယ်။

တိဘက် ​ကိုယ်ပိုင် ​အုပ်ချုပ်ရေး ​အတွက် ​တိုက်ပွဲဝင်ခဲ့သူ ​ဟာ ​၁၉၅၉ခုနှစ်ကတည်းက ​တရုတ် ​နိုင်ငံကနေ ​အိန္ဒိယ ​နိုင်ငံကို ​တိမ်းရှောင် ​ထွက်ပြေး ​ခဲ့တာဖြစ်ပါတယ်။

Dalai ​Lama ​ကို ​တရုတ် ​အစိုးရ ​က ​တိဘက် ​ခွဲထွက်ရေး ​နဲ့ ​အကြမ်းဖက်မှုကို ​လှုံ့ဆော်သူလို့ ​စွပ်စွဲထားပြီး၊ ​Dalai ​Lama ​က ​တော့ ​တိဘက် ​အရေးနဲ့ ​ပတ်သက်ပြီး ​တရုတ် ​အစိုး ​ရ ​က ​အမြင်မှန်တွေ ​ရ ​လာ ​ပြီလို့ ​ဆိုပါတယ်။

တနင်္ဂနွေနေ့ ​က ​ညီလာ ​ခံမှာ ​ဒေါ်အောင်ဆန်းစုကြည် ​နဲ့ ​Dalai ​lama ​တို့ ​၂ဦးလုံး ​မိန့်ခွန်းများ ​ပြောကြား ​ခဲ့ပါတယ်။

ဒေါ်အောင် ​ဆန်းစုကြည်က ​သူမ ​နိုဘယ် ​ငြိမ်းချမ်းရေးဆု ​ရ ​အောင် ​စတင်လမ်းစ ​ဖေါ်ခဲ့တဲ့ ​ချက် ​နိုင်ငံခေါင်းဆောင် ​ကွယ်လွန်သူ ​Vaclav ​Havel ​ကို ​တခါမှ ​တွေ့ဆုံခွင့် ​မရခဲ့ပေမယ့် ​နှစ်နဲ့ ​ချီပြီး ​နေအိမ် ​အကျယ်ချုပ် ​ချုပ် ​ခံနေရ ​ချိန်အတွင်း၊ ​ခန္ဒာ ​ကိုယ်ချုပ်နှောင်ခံ ​နေ ​ရ ​ပေမယ့် ​သူ့ ​ဘက်က ​နေ ​ပြောဆိုပေးသူ ​ရှိ ​ခဲ့တဲ့ ​အတွက် ​လွတ်လပ်မှု ​ကို ​ခံစားခဲ့ ​ရတယ်လို့ ​ဆိုပါတယ်။

No comments: