Tuesday, September 24, 2013

ရခိုင်ရှိ မွတ်စလင်အတွက် အိမ်ဆောက်ပေးဖို့ကိစ္စကို ဆန့်ကျင်သူ ထောင်ကျ

ABC

ရခိုင်ပြည်နယ်အတွင်းက ​ရိုဟင်ဂျာ ​မွတ်စလင်ဒုက္ခသည်တွေအတွက် ​တူရကီနိုင်ငံအကူအညီနဲ့ ​ဆောက်လုပ်ပေးမဲ့ ​အိမ်ရာ ​စီမံကိန်းနဲ့ပတ်သက်ပြီး ​ဆန္ဒပြခဲ့တဲ့ ​ရသေ့တောင်မြို့နယ်က ​ဆန္ဒပြခေါင်းဆောင် ​၂ဦးကို ​မြို့နယ်တရာရုံးက ​ထောင်ဒဏ် ​၃လစီ ​အမိန့်ချလိုက်တယ်လို့ ​သိရပါတယ်။

ခွင့်ပြုချက်မရပဲ ​တရားမ၀င် ​စီတန်းလှည့်လှယ်မှု ​ပုဒ်မ ​၁၈နဲ့ ​စက်တင်ဘာ ​၂၃ရက်နေ့မှာ ​တရားစီရင်ခဲ့တာဖြစ်တယ်လို့ ​ ဒေသခံတဦးဖြစ်တဲ့ ​ကိုသိန်းဝင်းက ​ပြောပါတယ်။

ရသေ့တောင်က ​၂ယောက် ​၃လပါ၊ ​မူဆလင်တွေကိုပေါ့နော် ​နိုင်ငံသားမဟုတ်တဲ့လူတွေကို ​အိမ်ဆောက် ​ပေးဖို့အတွက် ​အစိုးရက ​လုပ်တဲ့အပေါ်မှာ ​တောင်ကုတ်ရယ်၊ ​ရသေ့တောင်၊ ​စစ်တွေ၊ ​ကျောက်တော်ပေါ့နော် ​ အဲဒီ ​၄မြို့ကပြတယ်ခင်ဗျ၊ ​တောင်ကုတ်က ​၃ယောက်ရယ်၊ ​ကျောက်တော်က ​၄ယောက်၊ ​ရသေ့တောင်က ​၂ယောက်ပေါ့နော် ​အဲဒါက ​၃လစီထောင်ချသွားပြီခင်ဗျ၊ ​စစ်တွေက ​၂ယောက်တော့ ​ကျန်သေးတယ် ​မချ ​သေးဘူးခင်ဗျ။ 

ထောင်၃လချခံလိုက်ရသူတွေကို ​သဘောင်္နဲ့ ​စစ်တွေထောင်ကို ​ပို့လိုက်ပြီလို့လည်း ​သိရပါတယ်။

စစ်တွေဆန္ဒပြခေါင်းဆောင်တွေဖြစ်တဲ့ ​ဦးကျော်ဇောဦးနဲ့ ​ဒေါ်ညိုအေးတို့ကိုတော့ ​ဒီလကုန်ပိုင်းမှာ ​စီရင်ချက်ချဖို့ ​စီစဉ်ထားပါတယ်။

လွန်ခဲ့တဲ့မတ်လ ​၇ရက်နေ့က ​စစ်တွေ၊ ​ရသေ့တောင်၊ ​တောင်ကုတ်၊ ​ကျောက်တော်၊ ​မြောက်ဦးမြို့နယ်က ​ဒေသ ​ခံတွေက ​တရားမ၀င်နေထိုင်သူများကို ​ဥပဒေကြောင်းအရ ​အရေးယူပေးဖို့၊ ​၁၉၈၂ ​ခုနှစ် ​နိုင်ငံသားဥပဒေအတိုင်း ​စီစစ်ပေးဖို့၊ ​နိုင်ငံသားမဟုတ်သူကို ​နိုင်ငံသားအခွင့်အရေးမပေးဖို့ ​တောင်းဆိုခဲ့ကြပြီး ​ခွင့်ပြုချက်မရပဲ ​ဆန္ဒပြခဲ့တဲ့အတွက် ​ဆန္ဒပြခေါင်းဆောင်တွေကို ​ခုလိုတရားစွဲထောင်ချခဲ့တာဖြစ်တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: