Tuesday, September 24, 2013

မီးရထားဝန်ထမ်း ထောင်ဒဏ်ချခံရ၍ မိသားစုမှ တိုင်စာတင်

ယုဝေ | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၃

သမီးဖြစ်သူနှင့် လူတစ်စု ရန်ဖြစ်ပွားခြင်းကို ဖခင်ဖြစ်သူ မီးရထားဝန်ထမ်း ဦးကျော်မြင့်အား ထောင်ဒဏ်ချမှတ်သည့် အပေါ် အမှုမှန်ပေါ်ပေါက်ရန် သက်ဆိုင်ရာသို့ စာတင်မည်ဟု ၄င်း၏ မိသားစုကပြောသည်။

ထိုအမှုသည် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ က ကြည့်မြင်တိုင်မြို့ကရင်အမျိုးသားရပ်ကွက် မီးရထားဝင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထောင်ဒဏ်ကျခံနေရသော ဦးကျော်မြင့်၏ သမီးနှင့် ဇနီးတို့သည် ဆွေမျိုးများနှင့် ခိုက်ရန်ဖြစ်ပွားချိန်တွင် ဦးကျော်မြင့်ရှိ နေသည်ဟု စွပ်စွဲကာ အရေးယူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဦးကျော်မြင့်အား စက်တင်ဘာလ ၁၇ ရကတ် ငွ် ပုဒ်မ ၃၅၄ ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် သုံးလ ကျခံခဲ့ရသည်။

ဦးကျော်မြင့်၏ သမီးဖြစ်သူ မကြည်ကြည်မြင်က "အဖေက ရန်ပွဲမှာမပါဘ-ဲနဲ့ မတရားထောင်ကျခဲ့ရတာပါ။ အဖေ့ ကိုပဲ ကျွန်မတို့ အားကိုးနေရတာ။ အခုအဖေ မရှိရင် ကျွန်မတို့နေတဲ့ လိုင်းခန်းက ဆက်နေဖို့လည်း အဆင်မပြေ ပါဘူး။ ဝန်ထမ်းစည်းမျဉ်းအရ အလုပ်မဆင်းတာ ၂၁ရက် ကျော်ရင် အလုပ်ကထွက်ရမှာပါ" ဟု ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဖြစ်သော မြန်မာ့မီးရထား၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေဆိုင်ရာ ကော်မတီ၊ အနောက်ပိုင်းခရိုင်ရဲမှူးရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရန်ကုန်တိုင်းလွှတ်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးတို့ကို ဦးကျော်မြင့်၏ ဇနီးဖြစ်သူဒေါ်ညွှန့်ညွှန့်သန်းက စက်တင်ဘာလ ၂၃ရက်က စာပို့ကာ တိုင်ကြားလိုက်ပြီဖြစ်သည်။

No comments: