Wednesday, September 4, 2013

ဒေါ်လာ ၁.၃သန်းတန်ဘိုးရှိ မူးယစ်ဆေးတွေ အာဏာပိုင်

ABC

မြန်မာနိုင်ငံအရှေ့ဖက်ပိုင်း ​ထိုင်းမြန်မာနယ်စပ် ​တာချီလိတ်မြို့မှာ ​ဒေါ်လာ ​၁ ​ဒသမ ​၃ ​သန်းကျော် ​တန်ဖိုးရှိတဲ့ ​အက်ဖက်တမင်း ​စိတ်ကြွဆေးပြား ​တွေကို ​အစိုးရ ​အာဏာပိုင်တွေက ​တွေ့ရှိခဲ့တယ်လို့ ​ဆိုပါတယ်။

မိုးသည်းထန်စွာ ​ရွာသွန်းမှုကြောင့် ​မြေမြုပ်ထားတဲ့ ​အပြာရောင် ​ကွန်တိန်နာတခု ​ပေါ်ထွက်လာပြီး ​အဲဒီထဲမှာ ​စိတ်ကြွဆေးပြားပေါင်း ​ခြောက်သိန်းငါးသောင်းလောက် ​ထည့်ထားတာတွေ့ရတယ်လို့ ​တနင်္ဂနွေနေ့ထုတ် ​အစိုးရသတင်းစာမှာ ​ဖော်ပြ ​ထားပါတယ်။

အဆိုပါ ​မူးယစ်ဆေးဝါးတွေဟာ ​လွန်ခဲ့တဲ့ ​တစ်နှစ်ကျော် ​လောက်က ​မူးယစ်ဆေးဝါး ​မှောင်ခိုကုန်ကူးတဲ့ ​ဂိုဏ်းခေါင်းဆောင် ​နော်ခမ်း ​အဖွဲ့ကနေ ​မြုပ်နှံထားတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ရွှေတြိဂံဘုရင်အဖြစ် ​နံမည်ကြီးခဲ့တဲ့ ​နော်ခမ်း ​ဦးဆောင်တဲ့ ​မူးယစ်ဆေးဝါးဂိုဏ်းဟာ ​၂၀၁၂ခုနှစ်က ​ပြိုကွဲသွားခဲ့တာဖြစ်ပြီး ​နောက်ပိုင်း ​နော်ခမ်းနဲ့ ​အပေါင်းပါ ​သုံးဦးက ​တရုတ်သင်္ဘောသား ​၁၃ဦးကို ​သတ်ဖြတ်မှုနဲ့ ​တရုတ်နိုင်ငံက ​ဖမ်းဆီးတရားစီရင်ပြီး ​သေဒဏ်အမိန့်ချခံခဲ့ရတာ ​ဖြစ်ပါတယ်။

ရွှေတြိဂံနယ်မြေဟာ ​မြန်မာ၊ ​လာအိုနဲ့ ​ထိုင်းနိုင်တို့ ​နယ်စပ်နယ်နမိတ်ထိစပ်တဲ့နေရာဖြစ်ပြီး ​မူးယစ်ဆေး ​မှောင်ခိုကုန်ကူးဖြတ်ကျော်တဲ့နေရာဖြစ်ပါတယ်။ ​ကုလသမဂ္ဂရဲ့ ​ခန့်မှန်းချက်အရ ​အာရှတိုက်တ၀ှမ်းက ​နှစ်စဉ်မူးယစ်ဆေးပြားထုတ်လုပ်မှုပမာဏဟာ ​၁ ​ဒသမ ​၄ ​ဘီလီယံကျော်ရှိပြီး ​တန်ဖိုးအားဖြင့် ​အမေရိကန်ဒေါ်လာ ​၈ ​ဒသမ ​၅ ​ဘီလီယံကျော် ​ရှိတယ်လို့ ​ဆိုပါတယ်။

No comments: