Monday, September 16, 2013

အခြေခံဥပဒေပြင်ဆင်မှုကို အားမပေးရင် အစိုးရက ဒီမိုကရေစီကို မလိုလားရာပြလို့ဆို

ABC

အရှေ့ဥရောပသုံးနိုင်ငံကို ​လည်ပတ်နေတဲ့ ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေပြင်ဆင်ရေးကို ​မြန်မာအစိုးရကသာ ​ထောက်ခံအားပေးမှု ​မလုပ်ရင် ​မြန်မာအစိုးရဟာ ​စစ်မှန်တဲ့ ​ဒီမိုကရေစီကို ​မလိုလားဘူးဆိုတာ ​ပြသတဲ့ ​သဘော ​သက်ရောက် ​လိမ့်မယ်လို့ ​ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေ ​ပြောင်းလဲမှု ​မရှိမခြင်း ​မြန်မာနိုင်ငံဟာ ​ဒီမို ​ကရေစီနိုင်ငံ ​မဖြစ် ​လာနိုင်ဘူး ​ဆိုတာကို ​နှလုံးသွင်း ​ထားသင့်တယ်လို့ ​ဟန်ဂေရီနိုင်ငံ ​ခ ​ရီး ​စဉ် ​အ ​တွင်း ​ဒေါ် ​အောင် ​ဆန်း ​စု ​ကြည် ​က ​ပြောပါတယ်။

ဟန်ဂေရီနိုင်ငံ ​သမ္မတနဲ့ ​ဟန်ဂေရီ ​ဒု ​နိုင် ​ငံ ​ခြား ​ရေး ​ဝန် ​ကြီး ​တို့ ​နဲ့ ​တွေ့ဆုံမှု ​အပြီးမှာ ​ပြောလိုက်တာ ​ဖြစ်ပြီး ​မြန်မာနိုင်ငံနဲ့ ​ပတ်သက်ပြီး ​အကောင်းမြင် ​လွန်းတာတွေ ​မလုပ်သင့်ဘူး ​လို့လည်း ​သတိပေး ​ပြောကြား ​လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲရေး ​လမ်းစတွေ ​ရှိနေပေမယ့် ​ဒီမိုကရေစီနိုင်ငံ ​မဖြစ်သေးဘူးလို့ ​ဒေါ်အောင်ဆန်းစုကြည်က ​အမေရိကန်နဲ့ ​ဥရောပသမဂ္ဂအဖွဲ့ဝင် ​နိုင်ငံတွေကို ​သတိပေးလိုက်တာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် ​ထားရှိတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ဖယ်ရှားတာ ​မှန်ကန်ပေမယ့် ​ဒီလို ​ဖယ်ရှားပေးတဲ့ ​နိုင်ငံတွေအနေနဲ့ ​မြန်မာနိုင်ငံကို ​ပိုပြီး ​အနီးကပ် ​စောင့်ကြည့် ​လေ့လာရမှာဖြစ်ပြီး ​မြန်မာနိုင်ငံအပေါ် ​အကောင်းမြင် ​လွန်းတာတွေ ​မလုပ်သင့်ဘူးလို့ ​ပြောလိုက်ပါတယ်။

ခုလောလောဆယ် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​စနေနေ့ကစပြီး ​ချက်နိုင်ငံကို ​ရောက်ရှိနေပြီး ​Forum ​2000 ​ညီလာခံကို ​ဖွင့်လှစ်ပေးခဲ့ပြီး ​ဖြစ်ပါတယ်။

နိုဗယ်ငြိမ်းချမ်းရေးဆုရရှိအောင် ​သူမရဲ့ ​နာမည်စာရင်းကို ​တင်သွင်းပေးခဲ့တဲ့ ​ချက်နိုင်ငံ ​သမ္မတဟောင်းကို ​ဗားစ်ကလက် ​ဟာဗေးလ်ကို ​ကျေးဇူးတင်ကြောင်း ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောသွားခဲ့ပါတယ်။

No comments: