Monday, September 16, 2013

တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံး မြို့နယ်၊ မောင်းမကန် ကျေးရွာ ပြဿနာ

ဖိုးသင်္ချာ(ထားဝယ်)

လောင်းလုံးမြို့နယ်၊ မောင်းမကန်း ကျေးရွာသည် ၊ ၁၉၉၀ ခုနှစ် မတိုင်မှီက မောင်းမကန် သစ်တောကြိုး ၀ိုင်း၊ ဒီရေတော၊ စားကျက်မြေ၊ ကြေးတိုင်တွင်း/ပြင် ရွာမြေများ( ၁၆၉-အေ၊၁၆၉-ဘီ၊၁၆၉-စီ) ဟုသတ်မှတ် တည် ရှိပါသည်။ ၁၉၉၀ ခုနှစ်တွင် မောင်းမကန် ကမ်းခြေတပ် မြေသိမ်း ဧရိယာ ၃၅၄.၆၄ ဧက သိမ်းယူခဲ့ပါသည်၊ ထိုဧရိ ယာအထဲတွင် ကမ်းခြေ တလျောက်ရှိ ဘန်ကလိုများ၊ လူနေအိမ်များ ၊ဒေသခံပြည်သူများ လုပ် ကိုင်စာသောက် နေသော လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ ပါဝင် ခဲ့သလို မောင်းမကန် သစ်တောကြိုး ၀ိုင်းဧရိ ယာမှလည်း ပါဝင် ခဲ့ပါသည်။ ကျန်ရှိ နေသော ရွာမြေများကိုလည်း ၂၀၀၆-၀၇ အထိ မြေခွန် ပြေစာ များကို ထမ်း ဆောင်ရသော်လည်း ၂၀၀၇ ခုနှစ်မှ မောင်းမ ကန်ကြိုးပြင် ကာကွယ်တောဟု သတ်မှတ်ကာ မြေခွန်ကောက်ခံမှု ရပ်စဲခဲ့ပါသည်။

ယခု အချိန်အထိ သစ်တောကြိုးပြင် ကာကွယ်တော ဖြစ်နေပါသည်။ အဆိုပါ ကမ်းခြေ တပ်မြေသိမ်း ဧရိယာ အနည်းငယ်နှင့် ကျန်ရှိနေသော သစ်တော ကြိုးဝိုင်း၊ စားကျက်မြေ၊ မရှိမဖြစ် လိုအပ်သော ဒီရေတော ဧရိယာကို ထားဝယ်သား အများပိုင် ဖွံဖြိုး တိုးတက်ရေး ကုမ္ပဏီ က ဟိုတယ် ဆောက်လုပ်ရန် အတွက် လာရောက် ယူထားပြီး ဖြစ်ပါသည်။ ထိုမြေဧရိယာတွင် ရေလုပ်ငန်း လုပ်ကိုင်နေသော ဒေသခံ ရွာသူ/သားများ စက်လှေသို့ ပစ္စည်း သယ်ယူ ပို့ဆောင်နေသော အဓိကလမ်း ကို ပိတ်ပြီး ခြံစည်းရိုး ကာရံနေမှု ဖြစ်နေပါသည်၊ ဒေသခံများ ဖြတ်သန်းသွား လာရန်လည်း ခက်ခဲနေပါသည်။ ထိုးအတူ တဖက်တွင်လည်း တနင်္သာရီ အများပိုင် ကုမ္ပဏီက စတင်လျောက်ထား သောမြေ ဧရိယာနှင့် လွဲချော်ပြီး တပ်မြေသိမ်းမြေ ဧရိယာတွင် လာဆောက် ထားပြီး ဖြစ်ပါသည်။


အဆိုပါ ကမ်းခြေ တွင် ၂၀၀၀ ခုနှစ် ၀န်းကျင်က ဇေကမ္ဘာ ကုမ္ပဏီက လာရောက်ပြီး ခြံစည်းရိုး ကာထား သောမြေနေရာ တခုလည်း ရှိပါသည်။ ကမ်းခြေ တောက်လျောက်ရှိ ဘန်ကလိုများကို ပြင်ဆင်ခွင့် မရှိဟု သတ်မှတ် ထားရှိပြီးဖြစ်ပါသည်။ တပ်မြေသိမ်း ဧရိယာတွင်ပါဝင်သော မောင်းမကန် အ.မ.က ကျောင်းအနောက်ဖက်တွင် ဦးစိုးပိုင်(ခ)ဦးစံသိန်း သည် ကျေးရွာ ဥက္ကဌ ဖြစ်စဉ်( ၂၀၀၄-၂၀၀၆) အတွင်း မြို့နယ်မြေစာရင်းနှင့် ပူးပေါင်းကာ မြေခွန်ပြေစာ၊ မြေစာရင်းပုံစံ(၁၀၅) များပြုလုပ် ထားခဲ့ပါသည်။ နောက် တပ်မြေသိမ်းမြေ ဧရိယာ ကိုလည်း ကျေးရွာရှိ မြေယာကော်မတီ အဖွဲ့ဝင် တချို့ နှင့် လက်ရှိ မြို့နယ်၊ခရိုင်၊ တိုင်းဒေသ အာဏာပိုင်များနှင့် ပူးပေါင်း ကာ ခေါင်းစဉ် အမျိုးမျိုးပြောင်းလဲ နေသည်ဟုထင်မြင်ရပါသည်။ တပ်မတော် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦး ပြောပြချက်အရ ဘာမှ မလုပ်ရန် ညွှန်ကြား ထားပါသည်၊ သူ၏ယူဆချက်အရ အသုံး မပြုသော တပ်သိမ်းမြေများ ပြန်ပေးနေပြီဖြစ်သောကြောင့် မူလပိုင်ရှင်ကို ပြန်ပေးနိုင်သည်ဟု ယူဆရပါသည်။

သို့သော်လည်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး က မောင်းမကန်မှ ဦးအောင်မျိုးလွင်ကို စာဖြစ် တစ်ကြိမ် တစ်ခါခေါ်ယူ သည်ကို လာရောက်တွေ့ဆုံခြင်း မပြုလုပ်သဖြင့် တရား စွဲဆိုခြင်း ပြုလုပ်ခဲ့ပါသည်။ ထိုနေ့ တွင် ဦးအောင်မျိုးလွင် ၏ ဖခင်နေမကောင်း သည်ကို တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့မှ ဦးသန်းဝင်းက သူ၏ ဖခင်နေမကောင်း သည်ကို နောက်မှ သိရသည်ဟု ထွက်ဆိုခဲ့သဖြစ် လောင်းလုံး မြို့နယ်တရားရုံး မှ ဦးအောင်မျိုးလွင်အား ဒဏ်ငွေ ၅၀၀ ကျပ်ဆောင်စေရန် ချမှတ် ခဲ့ပါသည်။ ထိုနောက် ဦးအောင် မျိုးလွင်အား မောင်းမကန် စိမ်းလန်း စိုပြေရေး မြေနေရာတွင် အိမ်ဆောက် နေထိုင်သောကြောင့် လောင်းလုံးမြို့ နယ်အုပ်ချုပ်ရေးမှူး က ထပ်မံခေါ်ယူဆွေးနွေးပြန်သည်။ ထိုမြေဧရိယာသည် မောင်းမကန် ကမ်းခြေ တပ်မြေ သိမ်း ဧရိယာတွင် ပါဝင်သောမြေ နေရာ ဖြစ်ပြီး ထိုအိမ်အနီး တ၀ိုက်တွင် အိမ်ဆောက်နေထိုင်သူမှာ ဦးအောင်မျိုး လွင် မိသားစုမျှသာ မဟုတ်ပါ ကျန်သော အိမ်ယာ ၅၀ ခန့်ရှိပါသည်။ ထိုအရာသည် ဦးအောင်မျိုးလွင် အား မတ ရား ဖိနှိပ်နေသည်ဟုယူဆရ သလို လူ့အခွင့်အရေးအား ချိုးဖောက်ရာ ရောက်နေပါသည် မှတ်ယူ ရပါသည်။

နောက်တဦးမှာ ဦးယူသိန်း(ခ)ဦးယူသန်း ဒေါ်အေးလှ မိသားစုသည်လည်း မောင်းမကန် (အ.မ.က) ကျောင်း အနီးတွင် သားဖြစ်သူ မိသားစု အတွက် ဦးယူသန်း၏ မိဘတို့ မောင်းမကန် ကမ်းခြေတပ်မြေ သိမ်း မပြု လုပ်မှီ စိုက်ပျိုးစားသောက်သော ဓားမဦးချမြေနေရာ တွင် အိမ်ဆောက် နေထိုင်ခြင်းကို ဦးစံသိန်း(ခ)ဦးစိုးပိုင်က ပိုင်ဆိုင်ပါသည်ဟု ပြောဆိုက လွန်ခဲ့သော ၆လခန့်က လာရောက်နှင်ထုတ် ခဲ့ပါသည်။ ထိုကိစ္စကို အရင်မြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူညှိနှိုင်းပေးရန်းခေါ်သော်လည်း ဦးစိုးပိုင်းသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး သို့လာရောက်မှု မရှိခဲ့ပါ ဦးယူသိန်း၊ ဒေါ်အေးလှ တို့ကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြား ထားပါသည်။ သို့သော်လည်း ယခုအခါတွင် လောင်းလုံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဦးစီးဌာနမှ တရားစွဲဆိုမှု ခံနေရပါသည်။ အဆိုပါမြေသည် ၁၉၉၀ မောင်းမကန် ကမ်းခြေ တပ်မြေသိမ်း ဧရိယာဖြစ် ပြီး အိမ်အနီး တ၀ိုက်တွင် တခြားသော အိမ်များလည်း ရှိပါသည်။ ဦးယူသိန်း တယောက်ကို သာတရား စွဲဆိုခြင်းသည် မှားနေပါသည်ဟု ယူဆ ရပါသည်။


အထက်ပါကိစ္စနှစ်ခုက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယူသိန်း ၊ရပ်ကွက်တာဝန်ခံ ဦးသန်းဝင်း ကျေးရွာမြေ ယာကော်မတီ အဖွဲ့ဝင် ဦးဇော်နီ၊ ဦးနိုင်လေး၊ ဦးနိုင်နိုင်ဝေ တို့ကပါ မသိသလိုနေကြပါသည်။ ထိုသို့အမှု ဖြစ်နေ သည်ကို လုံးဝ အမှန်တရား ဖက်က ရပ်မတည်သော အဖွဲ့ဖြစ်နေပါသည်။ ထို့အပြင် တနင်္သာရီ အများနှင့်သက် ဆိုင်သော ဖွံဖြိုး တိုးတက်ရေး ကုမ္ပဏီ သည် လုပ်ပိုင်ခွင့် နှင့် လ/န ၃၉ ကျပြီဟု ကျေးရွာ အတွင်း ပြောဆိုပြီး ကုမ္ပဏီ ဘက်မှ ကာကွယ်ပြောဆိုကာ မူလ မြေပိုင်ရှင်များကို ခြိမ်းခြောက်နေပါသည်။

ထိုသို့သော ကိစ္စများကို သိရှိပါသော်လည်း အရေးမယူ ဘဲ ထားရှိနေသည်မှာ ဒီမိုကရေစီဖော်ဆောင် ပြီး တရား ဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်နစ်နာ နေကြောင်း တင်ပြအပ်ပါသည်။

No comments: