Wednesday, September 18, 2013

နျူကိစ္စ လာစစ်ဖို့ မြန်မာသဘောတူ

ABC

ကုလသမဂ္ဂ ​အနုမြူ ​အေဂျင်စီက ​မြန်မာနိုင်ငံ ​အနေနဲ့ ​နျူကလီးယား ​စစ်လက်နက် ​စုဆောင်းတယ်ဆို ​တဲ့ ​သံဿယ ​ကင်းရှင်းသွား ​ရ ​အောင်လို့ ​မြန်မာ ​နိုင်ငံနဲ့ ​သဘောတူ ​လက်မှတ် ​ထိုးဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

မြန်မာ ​နိုင်ငံ ​ရဲ့ ​စစ်အုပ် ​ချုပ်ရေး ​ကာလ ​အတွင်း ​မြောက် ​ကိုးရီးယား ​နိုင်ငံ ​ကနေ ​နျူကလီးယား ​စစ်လက်နက် ​အကူ ​အညီတွေ ​ရယူခဲ့ ​လို့ ​စွပ်စွဲ ​ခံ ​ခဲ့ ​ရ ​ပါတယ်။ 

International ​Atomic ​Energy ​Agency ​IAEA ​အပြည်ပြည် ​ဆိုင်ရာ ​အနုမြူ ​စွမ်းအင် ​အေဂျင်စီ ​နဲ့ ​မြန်မာ ​နိုင်ငံ ​ကြားမှာ ​လက်ရှိ ​သဘော ​တူညီချက် ​အပေါ် ​ထပ်လောင်း ​သဘော ​တူညီ ​တဲ့ ​အချက် ​ပြုလုပ်ရတာဟာ ​IAEA ​စစ်ဆေးရေး ​အရာရှိ ​တွေ ​အနေနဲ့ ​မြန်မာ ​နိုင်ငံ ​မှာ ​လူကိုယ်တိုင် ​ဝင်ရောက် ​ပြီး ​မြန်မာနိုင်ငံမှာ ​ရှိ ​တဲ့ ​အဆောက်အအုံ ​ယန္တာရား ​တွေ ​ကို ​စစ်ဆေးခွင့် ​ရ ​ရှိ ​ဖို့ ​ဖြစ်ပါတယ်။

ဒီလက်မှတ် ​ထိုးပွဲကို ​IAEA ​ဌါနချုပ်ရှိ ​ရာ ​Vienna ​မြို့မှာ ​IAEA ​ကိုယ်စားလှယ် ​ဂျပန်နိုင်ငံက ​Yukiya ​Amano ​နဲ့ ​မြန်မာ ​နိုင်ငံက ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဝဏ္ဍ ​မောင်လွင်တို့ ​အင်္ဂါနေ့မှာ ​လက်မှတ် ​ရေးထိုးမှာ ​ဖြစ်ပါတယ်။

သမ္မတ ​ဦးသိန်းစိန် ​ဦးဆောင်တဲ့ ​မြန်မာ ​အစိုး ​ရ ​ကတော့ ​မြောက်ကိုးရီးယား ​က ​နေ ​နျူကလီးယား ​လက်နက်တွေ၊ ​နည်းစနစ်တွေ ​ခိုးသွင်းခဲ့ ​တယ်ဆို ​တဲ့ ​စွပ်စွဲချက် ​ကို ​အစဉ်တစိုက် ​ငြင်းဆိုခဲ့ပါတယ်။

No comments: