Thursday, September 19, 2013

ဈေးနှုန်းသတ်မှတ်ချက်ကြောင့် အိမ်ခြံမြေအရောင်းအ၀ယ် ထိခိုက်နိုင်လို့ဆို

ABC

မြန်မာနိုင်ငံ ​အစိုးရက ​အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုနဲ့ ​ဈေးကွက်အတက်အကျကို ​ထိန်းချုပ်နိုင်ဖို့အတွက် ​ယခုလကုန်ပိုင်းက ​အိမ်ခြံမြေ ​ဈေးနှုန်းတွေ ​သတ်မှတ်မယ်ဆိုတဲ့အတွက် ​ရန်ကုန်မှာရှိတဲ့ ​အိမ်ခြံမြေအရောင်းအ၀ယ်တွေ ​တည်ငြိမ်သွားခဲ့သလို ​ဈေးနှုန်းတွေလည်း ​ရပ်တန့်နေတယ်လို့ ​ရန်ကုန်က ​အိမ်ခြံမြေ ​အကျိုးဆောင်လုပ်ငန်းရှင်တွေရဲ့ ​အဆိုအရ ​သိရပါတယ်။

မြေဈေးတွေကိုမထိန်းချုပ်နိုင်ဘူးဆိုရင် ​လက်ရှိကာလပေါက်ဈေးထက် ​အဆမတန် ​မြင့်တက်သွားနိုင်တယ်လို့လည်း ​ဆိုပါတယ်။ ​ရန်ကုန်မှာ ​မြေဈေးတွေ၊ ​တိုက်ခန်း ​ကွန်းဒိုဈေးတွေက ​အခု ​လောလောဆယ် ​မတရားတက်နေတဲ့အကြောင်းနဲ့ ​ကန်ထရိုက်တွေကလည်း ​မြေဈေးကို ​လိုက်ပြီး ​ဈေးကိုမတရားတင် ​ရောင်းတာတွေရှိတဲ့အကြောင်း၊ ​Excellent ​အိမ်ခြံမြေ ​လုပ်ငန်းက ​ကိုမောင်မောင်ကြီးက ​ပြောပြပါတယ်။

အိမ်ခြံမြေဈေးနှုန်း ​အတိအကျသတ်မှတ်မယ်ဆိုရင် ​အိမ်ခြံမြေဈေးကွက်များ ​သိသိသာသာ ​ပြောင်းလဲသွားနိုင်ကြောင်း၊ ​ယခုအချိန်မှာ ​ရောင်းသူရောဝယ်သူပါ ​စောင့်ကြည့်နေတဲ့ ​အချိန်ဖြစ်နေကြောင်း၊ ​ယခုလတ်တလော ​အရောင်းထိုင်းနေတယ်ဆိုတဲ့အကြောင်း ​ဒဂုံအရှေ့ပိုင်း ​အခြေစိုက် ​အိမ်ခြံမြေအကျိုးဆောင် ​ဦးမြင့်ဌေးကလည်း ​ပြောပါတယ်။

အစိုးရရဲ့ ​မြေဈေးများသတ်မှတ်မှုအပေါ် ​ ကြိုဆိုလိုက်ပေမဲ့ ​အခွန်၁၅ရာခိုင် ​နှုန်းကနေ ​၃၀ရာခိုင်နှုန်း ​တိုးကောက်မယ်ဆိုတဲ့အချက်ကိုတော့ ​လုပ်ငန်းရှင်တွေက ​သဘောမကျတဲ့အကြောင်း၊ ​ပြီးတော့ ​တိုးကောက်လို့ရလာမယ့် ​အခွန်ငွေတွေကိုလည်း ​ပြည်သူ့ကျန်းမာရေး၊ ​ပညာရေးနဲ့ ​အခြား ​ဖွံ့ဖြိုး ​ရေးလုပ်ငန်းတွေမှာ ​အမှန်တကယ်အသုံးချစေလိုကြောင်း၊ ​Excellent ​အိမ်ခြံမြေလုပ်ငန်းက ​ကိုမောင်မောင်ကြီး ​ကပြောတဲ့အကြောင်း ​မြစ်မခသတင်းအရသိရပါတယ်။

ပြီးခဲ့တဲ့လကပဲ ​အရင်က ​မြန်မာကျပ်ငွေ ​ငါးသိန်း ​(အမေရိကန်ဒေါ်လာငွေ ​ငါးရာ) ​တန်ဖိုးရှိတဲ့မြေကွက်ဟာ ​အခုဆိုရင် ​မြန်မာကျပ်ငွေ ​ငါးသန်း ​(မေရိကန်ဒေါ်လာငွေ ​ငါးထောင်) ​လောက်အထိ ​မြင့်တက်သွားတာ ​ဖြစ်ပါ ​တယ်။ ​အဲဒါအပြင် ​ကျန်တဲ့နေရာကမြေဈေးတွေဟာ ​မြန်မာကျပ်ငွေ ​သန်း ​၂၀ ​ကနေ ​သန်း ​၃၀ ​အထိ ​ရှိနေတယ်လို့ ​ဆိုပါတယ်။

စက်မှုဇုံက ​စီးပွားရေးသမားတွေက ​သတ်မှတ်မြေခွန် ​၃၇ ​ရာခိုင်နှုန်းကိုလျော့ချပေးဖို့ ​တောင်းဆိုနေပေမယ့် ​အစိုးရက ​လျော့ပေးမှာမဟုတ်တဲ့အကြောင်းနဲ့ ​မြေခွန်တိုးမြင့်ကောက်ခံတာဟာ ​မြေဈေးမြင့်တက်မှုကို ​ကာကွယ်ဖို့အတွက် ​ဖြစ်တယ်လို့ ​အစိုးရက ​ပြီးကတဲ့လမှာ ​ထုတ်ပြန်တဲ့ ​ကြေညာချက်ထဲမှာဖော်ပြခဲ့ပါတယ်။ ​ပြီးခဲ့တဲ့နှစ် ​ဇွန်လနဲ့ ​ဇွန်လိုင်လအတွင်းက ​မြေခွန်တွေကနေ ​ကျပ်ငွေ ​၂၆ ​ဒသမ ​၁ ​ဘီလီယံ ​လောက် ​၀င်ငွေရရှိတယ်လို့ ​ဘဏ်ဏ္ဍာရေးဝန်ကြီးဌာနကပြောပါတယ်။

No comments: