Sunday, September 1, 2013

နိုင်ငံရေးပါတီများ နိုင်ငံခြား တိုင်းပြည်များမှ အထောက်အပံ့ ယူပါက ပါတီဖျက်သိမ်း ခံရမည်ဟု ရွေးကောက်ပွဲ ကော်မရှင် သတိပေး


နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံခြား တိုင်းပြည် များမှ ငွေကြေး၊ ပစ္စည်းနှင့် အခြား အထောက်အပံ့များ ယူပါက ပါတီ ဖျက်သိမ်းသည် အထိ အရေးယူ ခံရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၃ ရက် နေ့စွဲဖြင့် နိုင်ငံရေး ပါတီများသို့ သတိပေးစာ ပေးပို့ ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၀၇ (ဂ) တွင် နိုင်ငံရေး ပါတီ တစ်ရပ်ရပ်သည် နိုင်ငံခြား တိုင်းပြည် တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦး ထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူ သုံးစွဲပါက ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်း ထားကြောင်း၊ အလားတူ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (စ)၊ ပုဒ်မ၇ (ဃ)၊ ပုဒ်မ ၁၂ (ခ) နှင့် ယင်းနည်း ဥပဒေ ၁၅ (စ) တို့အရ အထက် ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၀၇ (ဂ) တွင် ပြဋ္ဌာန်းချက်ကို ငြိစွန်းကြောင်း ကော်မရှင်က တွေ့ရှိပါက ယင်းပါတီကို ပါတီ မှတ်ပုံတင် ပယ်ဖျက် ရမည်ဟု ပြဋ္ဌာန်းချက်များ ပါရှိသည်ဟု ကော်မရှင် အကြောင်းကြား စာတွင် ဖော်ပြ ထားသည်။


ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၀၇ (ဂ) ပါပြဋ္ဌာန်းချက်များကို နိုင်ငံရေး ပါတီဝင် တစ်ဦးက စောင့်ထိန်း လိုက်နာခြင်း မရှိပါက လိုက်နာခြင်း မရှိသော ပါတီဝင်များအား ပါတီဝင် အဖြစ်မှ ထုတ်ပယ် ရမည်ဖြစ်ပြီး ထုတ်ပယ်ခြင်း မရှိဘဲ တမင် ထိမ်ချန် ထားရှိပါက ယင်းဥပဒေ ပုဒ်မ ၁၂ (ခ) အရ ထိုပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်း ရမည်ဟူ၍ ပြဋ္ဌာန်း ထားပြီး ဖြစ်ကြောင်းလည်း အဆိုပါ စာတွင် ဖော်ပြ ထားသည်။

အဆိုပါ အချက်များကြောင့် နိုင်ငံရေး ပါတီများသည် ပါတီအနေဖြင့် သော်လည်းကောင်း၊ ပါတီ၏ အဖွဲ့ခွဲ အဆင့်ဆင့် အနေဖြင့် သော်လည်းကောင်း၊ ပါတီဝင် တစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၀၇ (ဂ) ပါပြဋ္ဌာန်းချက် အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရန်နှင့် မလိုက်နာပါက ပါတီ မှတ်ပုံတင် ပယ်ဖျက်သည် အထိ မလွှဲမရှောင်သာ အရေးယူ ဆောင်ရွက် ရမည်ဟု ကော်မရှင်၏ အကြောင်း ကြားချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် ကော်မရှင် အကြောင်းကြား စာတွင် အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂ၊ ကော်မတီ၊ စသည်ဖြင့်……

No comments: