Monday, September 16, 2013

မြန်မာစာပို့စနစ် တိုးတက်အောင် ဂျပန်ကူညီမယ်

ABC

မြန်မာ ​နိုင်ငံမှာ ​တနိုင်ငံလုံး ​အတိုင်းအတာ ​စာပို့စနစ်ကို ​ပြင်ဆင်မွန်းမံ ​ချမှတ်ရာမှာ ​ဂျပန် ​နိုင်ငံကနေ ​ကူညီပေးမှာဖြစ်ပြီး ​အစီအစဉ်ကို ​၂၀၁၄ခု ​ဘဏ္ဍာ ​နှစ်မှာ ​စတင်မှာဖြစ်တယ်လို့ ​သိရပါတယ်။

အသေးစိတ် ​အကူအညီတွေ ​ဘယ်လို ​အကောင် ​အထည် ​ဖေါ်မလဲ ​ဆိုတာတွေကို ​လာမည့် ​နှစ်စ ​ပိုင်းလောက်မှာ ​ဆွေးနွေး ​သွားမယ်လို့လဲ ​သိရပါတယ်။

အကောင် ​အထည် ​ဖေါ်တဲ့ ​အခါ၊ ​စာပို့စနစ်ကို ​ထိထိရောက်ရောက် ​လုပ်ကိုင်ဆောင် ​ရွက်သွား ​နိုင်ဖို့ ​လူအင်အား ​အရင်း ​အမြစ်ကို ​ဖွံ့ဖြိုးတိုးတက် ​စနစ်ကျအောင် ​အသုံးချဖို့ ​ပါဝင်မယ်လို့လဲ ​သိရ ​ပါတယ်။

တနိုင်ငံလုံး ​အတိုင်းအတာ ​စာပို့စနစ်ကို ​post ​code ​လို့ ​သတ်မှတ်ထားတဲ့ ​ရပ်ကွက်ဒေသဆိုင်ရာ ​သတ်မှတ်ချက်တွေ ​စက်ကနေတဆင့် ​စာတွေကို ​ရှင်းထုတ် ​တန်းစီ ​ဖြန့်ဖြူးပေးတဲ့ ​စနစ်တွေ ​စာပို့ ​ရာမှာ ​လိုအပ်တဲ့ ​ကွန်ယက် ​တည်ဆောက်မှု ​တွေကိုပါ ​စီစဉ်ပေး ​သွားမယ်လို့ ​သိရပါတယ်။

မြန်မာ ​နိုင်ငံမှာ ​ကူညီပူပေါင်းဆောင် ​ရွက်ပေးဖို့ ​ပြီးခဲ့တဲ့ ​မေလတုံးက ​မြန်မာ ​အာဏာပိုင်တွေနဲ့ ​ဂျပန်တို့ ​သဘောတူ ​လက်မှတ်ရေးထိုး ​ခဲ့တယ်လို့လဲ ​သိရပါတယ်။

အလားတူ ​ဂျပန်နိုင်ငံက ​ဗီယက်နမ် ​နိုင်ငံ ​အဖို့ ​တနိုင်ငံလုံး ​အတိုင်းအတာ ​စာပို့စနစ်ကို ​ပြင်ဆင်မွန်းမံ ​ချမှတ်ရာမှာ ​ကူညီပေး ​သွားမယ်လို့ ​သိရပါတယ်။

မြန်မာ ​နိုင်ငံနဲ့ ​ဗီယက်နမ်လို ​တိုးတက်ဆဲ ​နိုင်ငံတွေမှာ ​စာပျောက်တာတွေ ​ကြံ့ကြာတာတွေ ​များတဲ့ ​အတွက်ကြောင့် ​ဂျပန် ​နိုင်ငံက ​အခုလို ​ခေတ်မှီ ​စက်ကရိယာတွေ ​ကူညီပေးတာဖြစ်တယ်လို့ ​ဆိုပါတယ်။

No comments: