Monday, September 23, 2013

ပြည်မြို့ ရေနစ်မြုပ် အိမ်ထောင်စု ၆၀၀ နီးပါးအတွက် ဦးကျော်သူ လှူဒါန်း

ရေခဲ (ပြည်) | တနင်္လာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၃

ပဲခူးတိုင်း ပြည်မြို့တွင် ရေဘေးသင့် လျက်ရှိသည့် အိမ်ထောင်စု ၄၅၁ စုအတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်သူ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်အပါအ၀င် ကာလတန်ဖိုး ၁၅ သိန်းရှိသည့် ထောက်ပံ့ရေး ပစ္စည်းများ စက်တင်ဘာ ၂၁ ရက်က လှူဒါန်းခဲ့သည်။

အိမ်ထောင်စု တစ်စုလျှင် ဆန်နှစ်ပြည်၊ ဆီ ၂၅ ကျပ်သား၊ ခေါက်ဆွဲတစ်ထုပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်နှင့် ငါးသေတ္တာ ဘူးများ အပါအ၀င် ရေသန့်ဘူးများကိုပါ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“တစ်ဝက်လောက် မြုပ်နေတဲ့ အိမ်တွေပေါ်က မိသားစုတွေကို လှေနဲ့သွားပြီး လှူရတဲ့အတွက် အင်မတန်ပီတိဖြစ်ပါတယ်။ ပြည်သူလူထုကလည်း တကယ့်ကို လှိုက်လှိုက်လှဲလှဲနဲ့ ၀မ်းသာအားရရှိလှပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ပြည်မြို့တွင် ဖိုးခေါင်ရပ်ကွက်၊ ဘော ဂရပ်ကွက်၊ ချောင်းနားတန်း၊ မာလကာကုန်း၊ ခရမ်းကုန်း (ပြည်သာယာ)၊ န၀င်းကွက်သစ်၊ ၀ါရုံ၊ ၀ါရုံတာရိုးတို့မှ နေအိမ် ၆၀၀ ကျော် စက်တင်ဘာလ ၁၆ ရက်က တည်းက ရေနစ်မြုပ်နေခြင်းဖြစ်သည်။

No comments: