Monday, September 23, 2013

သီလ၀ါစီးပွားရေးဇုန် လျော်ကြေးသတ်မှတ်လိုက်ပြီးဖြစ်သော်လည်း မကျေနပ်သည့် ဒေသခံများ တိုင်းအစိုးရနှင့် တရားရင်ဆိုင်ရမည်ဖြစ်

ထင်လင်းအောင် | တနင်္လာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၃

သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့် လုပ်ငန်းလည်ပတ်နိုင်ရေး စက်ရုံတည်ဆောက်ခြင်းများ စတင်ရန်ဒေသခံများ၏ နစ်နာကြေးပေးမှုအား သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း အောက်တိုဘာလကုန်မှ စတင်ဆောင်ရွက်မည်ဖြစ်ရာ မကျေနပ်ပါက တိုင်းအစိုးရနှင့် တရားရင် ဆိုင်ရမည်ဖြစ်ကြောင်း ဇုန်ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။

သို့ရာတွင် နစ်နာကြေးပေးမည့် သတ်မှတ် စံနှုန်းများတွင်မှု မြေယာလျော်ကြေးကိစ္စများ ပါဝင်မည် မဟုတ်ကြောင်း ယင်းကဆိုသည်။ သတ်မှတ်စံနှုန်းများအတိုင်း နစ်နာကြေးပေး ချေမည့်ကိစ္စများကို သြဂုတ် ၂၁ ရက်က သန်လျင်မြို့နယ် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ဒေသခံများအား ၎င်းက ပြောခဲ့သည်။

သတ်မှတ်နှုန်းထားများဖြင့် နစ်နာကြေး ပေးခြင်းများအား ကျေနပ်မှုမရှိပါက ဒေသခံများသည် လယ်ယာပိုင်ဆိုင်မှုနှင့် စပ်ဆိုင် သည့် ကိစ်္စများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တရားရင်ဆိုင်မှု လုပ်ကိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဥက်္ကဋ္ဌ ဦးဆက်အောင်က““ ဒေသခံတွေအတွက် နစ်နာကြေးပေးမယ့် နှုန်းထားတွေကို တရားဝင် ပြောထားပြီးဖြစ်ပါတယ်။ တစ်ခုရှိနေတာက လယ်ယာမြေကို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက် နိုင်ငံတော်ကပဲ ပိုင်တဲ့ပုံစံဖြစ်နေတယ်။ ဒါကို ဒေသခံတွေက ပိုင်ဆိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တရားရင်ဆိုင်နိုင် ခဲ့ရင် မြေယာလျော်ကြေးက စကားပြောနိုင်ပါတယ်” ဟုပြောသည်။

အမှန်တကယ်ပေးချေရန် အတည်ပြုခဲ့သည့် သတ်မှတ်နစ်နာကြေးနှုန်းပေးမည့် အစီအစဉ်မှာ စီမံချက်လုပ်ကွက် အတွင်း အမှန်တကယ် လုပ်ကိုင်နေသူ ဒေသခံများသည် ပြောင်းရွှေ့နေထိုင်ရန်အတွက် (ပေ ၂၀၊ ပေ၄၀) မြေကွက် တစ်ကွက်၊ (၁၆ပေ၊ ပေ၂၀)ပျဉ်ထောင်အိမ်တစ်လုံး (ကိုယ်တိုင် ဆောက်လုပ်မည်ဆိုပါက ကျပ်၂၅သိန်း) ပြောင်းရွှေ့ စရိတ်နှင့် သီးနှံလျော်ကြေး ငါး နှစ်စာတို့အား ရရှိမည်ဖြစ်သည်။

သီးနှံလျော်ကြေးများတွင် လယ် ၁၀ ဧက ပိုင်ဆိုင်သူဖြစ်ကာ တစ်သီးစား စိုက်ပျိုးပါက ကျပ်ငွေ ၁၇၆ သိန်းနှင့် နှစ်သီးစား စိုက်ပျိုး သူများမှာ ကျပ်သိန်း ၃၀၀ ကျော်အထိအား တွက်ချက်မှု နှုန်းထားများအလိုက် ခံစားခွင့် ရရှိမည်ဖြစ်သည်။

ထိုသို့ နစ်နာမှုလျော်ကြေးများတွင် လယ် ယာမြေလျော်ကြေးပါဝင်မှုမရှိခြင်းကြောင့် ဒေသခံများအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တရားရင်ဆိုင် ဆောင်ရွက်သွားနိုင်ရန် စီစဉ်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နစ်နာမှုလျော်ကြေးကိစ္စ ကျေနပ်မှု မရှိသည့် ဒေသခံများက ဆိုသည်။

ဒေသခံလယ်သမား ကိုအေးထွန်းက“ရမယ့်သီးနှံလျော်ကြေးက ၁၀ဧက ပိုင်တဲ့သူတောင် တစ်သီးပဲ စိုက်မယ်ဆိုရင် ၁၇၆ သိန်း ပဲရမယ်။ လယ်ပြန်ဝယ်ရင် တစ်ဧကကို သိန်း ၁၅၀ လောက်ပေါက်နေတာ ဘယ်လို ပြန်ပြီး လယ်လုပ်စားမလဲ။ ဒီစီမံကိန်းက အလုပ်ပြန် ပေးမယ်ဆိုတာက အဆောက်အအုံတွေ ဆောက်ပြီး လုပ်ငန်း လည်ပတ်မယ့်ကြာချိန်ရှိဦးမယ် ကြားထဲမှာဘာနဲ့လုပ်စားမှာလဲ။ အဲ ဒါကြောင့် လက်မခံတဲ့ ဒေသခံတွေက လယ်ယာမြေပိုင်ဆိုင်မှုအတွက် တရားရင်ဆိုင်ဖို့စီ စဉ်နေပါတယ်””ဟုပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်မှာ အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးထားခြင်းသည်။ ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းစတင် လည်ပတ်နိုင်ရန် စီမံကိန်း အစီအစဉ် အတွင်း ပါဝင်သည့် ပထမအဆင့် မြေဧရိယာ ၃၉၆ ဟက်တာတွင် အိမ်ထောင်စု (၇၉)စုတို့မှ လျော်ကြေးရရှိမည့် စာရင်းအတွင်း ပါဝင်ခြင်းဖြစ်သည်။

ဥက်္ကဋ္ဌ ဦးဆက်အောင်က““ တကယ်တော့ လယ်ယာမြေ ပိုင်တယ်၊ မပိုင်ဘူး လျော်ကြေး ပေးရမယ်၊ မပေးရဘူး ဆိုတဲ့ကိစ္စက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ပဲ ဆိုင်တာ။ ဇုန်ကော်မတီအနေနဲ့ ရတဲ့သူတွေဟာ ဘယ်လိုရရမယ် ဆိုတဲ့ စံနှုန်းတွေကိုပဲပြောပြ ပေးတာဖြစ်ပါတယ်။ တစ်ခုရှိတာကလည်း မကျေနပ်ဘူး ဆိုတဲ့သူတွေထဲမှာ လျော်ကြေး ရထားပြီးသားသူတွေလည်း ပါနေတာကို တွေ့ရတယ်” ဟုပြောသည်။

အဆိုပါ နစ်နာကြေးပေးမည့် ပုံစံအား ကျေနပ်မှုမရှိသည့် ဒေသခံများသည် လက်ရှိ အချိန်တွင် ဇုန်ကော်မတီအဖွဲ့၏ ညှိနှိုင်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို စောင့်နေခြင်းဖြစ်ပြီး လျော်ကြေးရရှိရန်အတွက် လယ်ယာမြေ ပိုင်ဆိုင်ကြောင်း တရားရင်ဆိုင်ရန် ဆောင်ရွက်သွားမည်ဟုဆိုသည်။

ဒေသခံ လယ်သမား ဦးစိုးမြင့်က “ ကျွန်တော်တို့ကို သြဂုတ် ၂၃ ရက်ကနေ တစ်ပတ် စောင့်ဖို့ ပြောထားတယ်။ ကြားထဲမှာညှိပေး မယ်ပြောတယ်။ တကယ်လို့ မထူးရင်တော့ ကျွန်တော်တို့ပိုင် မြေဖြစ်ကြောင်း တရားရင်ဆိုင်ဖို့ လုပ်သွားမှာပါ””ဟုပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အား အဆင့် သုံးဆင့်ခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်ဝန်ကြီးချုပ် မြန်မာ နိုင်ငံသို့ ရောက်ရှိခဲ့သည့် မေလ ၂၅ရက်က ဂျပန်နိုင်ငံမှ Mitsubishi၊ Marubeni၊ နှင့် Sumitomo စသည့် ပုဂ်္ဂလိက ကုမ္ပဏီသုံးခုနှင့် မြန်မာနိုင်ငံမှ ပုဂ်္ဂလိကကုမ်္ပဏီ ကိုးခုဖြင့် ဖွဲ့စည်းထားသော အများပိုင် ကုမ္ပဏီတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ပထမအဆင့်အနေဖြင့် စီမံကိန်းစတင် ကာ နစ်နာမှု ပေးလျော်ခြင်း ဆောင်ရွက်ရမည့်မြေ ဟက်တာ ၃၉၆ ဧကတွင်မှု ဘုရား ကုန်း၊ အလွမ်းဆွတ်၊ ဖလန်း (အေးမြသီတာ)၊ ရွှေပြည်သာရွာ (သီလ၀ါ)၊ တရာကုန်းနှင့် ကယက်သီတာမြိုင် စသော ကျေးရွာများပါ ၀င်သည်။

No comments: