Sunday, September 15, 2013

မြန်မာနိုင်ငံ EITI နှင့်ပတ်သက်ပြီး ပြည်နယ်၊ တိုင်းအစိုးရနှင့် တောင်ကြီးတွင် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

ဂျွန်ချစ်ငြိမ်း

တွင်းထွက်သဘာဝ သယံဇာတများနှင့် ပတ်သက်၍ MEITI နှင့် ပြည်နယ်၊ တိုင်းအစိုးရတို့၏ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ က တောင်ကြီးမြို့တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးနှင့် ပွင်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI ) မှ ဒေါ်ကေသီက “ကျွန်မတို့ အနေနဲ့ တိုင်းနဲ့ ပြည် နယ်တွေမှာ EITI နဲ့ ပတ်သက်ပြီး ဆွေးနွေးရတာ တိုင်းဒေသ အစိုးရအဖွဲ့တွေ၊ သက်ဆိုင်တဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုကို မြန်မာနိုင်ငံဟာ EITIနိုင်ငံဖြစ်ဖို့ ဆောင်ရွက်နေတာကို သတင်းအချက်အလက် တွေရစေချင်လို့ပါ” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံသည် EITI နိုင်ငံဖြစ်လာလျှင် မည်သည့် အကျိုးကျေးဇူးများ ရရှိလာမည်။ တိုင်းနှင့် ပြည်နယ်ဖွံ့ ဖြိုးရေး အတွက် မည်ကဲ့သို့ ပြင်ဆင်နေသည်နှင့် အရပ်ဖက်လူ့အဖွဲ့ အစည်းများမှမည်သို့ ပါဝင်သွားရမည်ကို ရည်ရွယ်၍ ယခုပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဒေါ်ကေသီကဆိုသည်။

ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများကို မွန်၊ တနင်္သာရီ၊ ရခိုင်၊ ရှမ်းဒေသတို့ တွင် ဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့ပြီး ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ တွင်လည်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်သည်။

No comments: