Sunday, September 15, 2013

ဗီဇာမပါဘဲ အရှေ့တောင်အာရှ နိုင်ငံများသို့ မကြာခင်သွားခွင့်ရတော့မည်

ဇင်ငြိမ်းအေး

လာမည့် နှစ်တွင် မြန်မာနိုင်ငံ သားများ ဗီဇာ မလိုဘဲ အရှေ့ တောင် အာရှ နိုင်ငံများ အတွင်း သွားလာ နိုင်မည်။

မန်မာနိုင်ငံ အနေဖြင့် လာမည့်နှစ်တွင် အာဆီယံခေါ် အရှေ့တောင် အာရှနိုင်ငံများနှင့် အပြန်အလှန် ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ သွားလာ ခွင့်ပြုချက်ကို သဘောတူ လတ်မှတ်ရေးထိုး သွားမည်ဟု မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးတင်ဦးလွင်က ပြည်သူ့ လွှတ်တော်တွင် ပြောကြားသည်။

မြန်မာသည် သာမန်နိုင်ငံကူး လတ်မှတ် ကိုင်ဆောင် သူများ အတွက် ၁၄ ရက် ပြည်ဝင်ခွင့် ခွင့်ပြုခြင်းကို ၂၀၀၆ ခုနှစ်တွင် အကောင်အထည် ဖော်ရန် လာအိုနိုင်ငံနှင့် လတ်မှတ် ရေးထိုးပြီးပြီ ဖြစ်ကြောင်း ဦးတင်ဦးလွင်၏ လွှတ်တော်တွင် ပြောကြားချက်ကို ဂျကာတာပိုစ့် သတင်းစာက သတင်း ဖော်ပြ ထားသည်။

“ ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့လည်း ရှေ့နှစ်ကျရင် ဆက်လုပ် သွားမှာပါဟု“ ဦးတင်ဦးလွင်က ပြောကြားသည်။

ဒေသတွင်း ခရီးသွား လုပ်ငန်း တိုးတက်ရေး အတွက်လည်း မြန်မာက ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်နိုင်ငံတို့နှင့်လည်း စမတ်ပြည်ဝင်ခွင့် ဗီဇာစနစ်ကို လုပ်ဆောင် သွားရန် ပြီးခဲ့သည့် ဇွန်လက လတ်မှတ် ရေးထိုး ခဲ့သည်။

မြန်မာသည် ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၃ ခုနှစ် အထိ ကမ္ဘာ တ၀ှန်းရှိ မြန်မာ သံရုံး များမှာ ပြည်ဝင်ခွင့် ဗီဇာကြေး အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံကျော်ထိ ရရှိခဲ့သည်ဟု သိရသည်။

No comments: