Monday, September 9, 2013

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ တိုင်းရင်းသားဆွေးနွေး

ABC

၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေ ​ပြန်လည် ​ပြင်ဆင်ရေးဆွဲရေးနဲ့ ​ပတ်သတ်ပြီး ​တိုင်းရင်းသား ​ပါတီတွေနဲ့ ​တွေ့ဆုံဆွေးနွေးမှုကို ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ ​စက်တင်ဘာ ​၇ ​ရက်နေ့က ​ကျင်းပခဲ့တယ်လို့သိရပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ​တက်ရောက်ဖို့ ​တိုင်း၇င်းသားပါတီ ​၁၃ ​ပါတီကို ​NLD ​က ​ဖိတ်ကြားခဲ့ပေမယ့် ​မွန်ဒီမိုကရေစီပါတီ ​ရခိုင်ဒီမိုကရေစီပါတီ ​၊ ​ကယန်းအမျိုးသားတိုးတက်ရေးပါတီ၊ ​ချင်းတိုင်းရင်း ​သားတိုးတက်ရေးပါတီ၊ ​ဇိုမီး ​ဒီမိုကရေစီအဖွဲ့ချုပ်၊ ​ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ​တိုင်းရင်းသား ​၆ ​ပါတီသာ ​တက်ရောက် ​ဆွေးနွေးခဲ့ပြီး ​ကျန်တဲ့ ​ပါတီတွေ ​တက်ရောက်ခြင်း ​မရှိ ​ဘူးလို့ ​သိရပါတယ်။

၂၀၀၈ ​အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး ​နဲ့ပတ်သတ်ပြီး ​တိုင်ပင်ဆွးနွေးဖို့ ​ဖိတ်ခေါ်တာ ​အခုအကြိမ်က ​ပထမဦးဆုံး ​အကြိမ် ​ဖြစ်တယ်လို့သိရပါတယ်။

တိုင်းရင်းသားပါတီများနဲ့ ​တွေ့ဆုံမှုနဲ့ပတ်သတ်ပြီး ​NLD ​ပါတီမှ ​ဦးဖြိုးဇေယျာ်သော်က ​အခုလိုပြောပါတယ်။

“အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတဲကအချက်နဲ့ ​လွှတ်တော်ထဲကို၊ ​ရွေးကောက်င်္ပဲကို ​၀င်ခဲ့ကြတာ၊ ​ပါတီကို ​လည်းပြန်မှတ်ပုံတင်ခဲ့ကြတာပါ။ ​ပြင်ဖို့အတွက် ​ဆိုတဲ့နေရာမှာတော့ ​ဘာမှ ​ဝေေ၀၀ါးဝါးဖြစ်စရာ ​အကြောင်း ​မ၇ှိဘူး ​ပေါ့။ ​ဒါပေမယ့် ​ဒီနေ့ကတော့ ​ဘာတွေကို ​ဘယ်လိုပြင်မလဲဆိုတဲ့ ​ဆွေးနွေးမှုမျိုးတော့ ​မဟုတ်ဘူးဗျ။ ​ဒါပေမယ့် ​တိုင်းရင်းသားတွေဘက်ကတော့ ​ဘာတွေကိုလိုလားတယ်။ ​ဘာတွေကိုတောင့်တတယ်။ ​အဲ့ဒါတွေကို ​ရှေ့ဆက်ပြီးတော့ ​ ပုံမှန်ဘယ်လိုမျိုးတွေ့ပြီး ​ကြမလဲ ​ဒီလောက်ကိုပဲ ​အဓိကထားပြိးဆွေးနွေးဖြစ်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေကို ​ပြန်လည်ပြင်ဆင်မည်ဆို ​၇င်၊ ​တိုင်းရင်းသားတွေလိုလားတဲ့ ​ဖယ်ဒရယ် ​အခြေခံတွေ ​နဲ့ ​ကိုက်ညီမှာမဟုတ်ကြောင်း ​၊ ​ပြန်လည်ပြင်ဆင်မည့် ​အစား ​အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း ​နဲ့ ​၂၁ ​ရာစု ​ပင်လုံညီလာခံကို ​ကျင်းပစေလိုကြောင်း ​ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ​က ​ဦးအေးသာအောင်က ​ပြောပါတယ်။

၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေ ​ပြန်လည်ပြင်ဆင်ရေးနဲ့ ​ပတ်သတ်ပြီး ​NLD ​ပါတီက ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေကော်မတီကို ​စက်တင်ဘာလ ​၆ ​ရက်နေ့က ​ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ​၊ ​ဒီကော်မတီမှာ ​ဦးကိုနီ၊ ​ဦးကျော်ဟိုးစတဲ့ ​ဥပဒေပညာရှင် ​၇ ​ဦးပါဝင်ဖွဲ့စည်းထား ​ပါတယ်။

NLD ​ပါတီအနေနဲ့ ​အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ​၂ ​လ ​အချိန် ​အတွင်း ​စနေနေ့တိုင်း ​တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံဆွေးနွေးမှု ​ကနေ ​ထွက်ပေါ်လာတဲ့ ​ရလဒ်တွေကို ​နိုဝင်ဘာလ ​လွှတ်တော်အစည်းအဝေးမှာ ​တင်သွင်း ​သွားမှာဖြစ်တယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​ဆုဝေက ​သတင်းပေးပို့ထားပါတယ်။

No comments: