Sunday, September 8, 2013

တပြည်လုံး အပစ်ရပ်ရေး လက်မှတ် ထိုးပွဲအတွက် SSPP အား ဦးရွှေမန်း ဖိတ်ကြား

အဲာပိုန်

ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) သည်၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲထက် တစ်နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲ ကိုသာကျင်းပ ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် တင်ပြ သွားခဲ့ကြောင်းSSPP ပြောခွင့် ရသူ ဗိုလ်မှူးကြီး ဖိန်ဖကဆိုပါသည်။

“ဦးရွှေမန်း ပြောတာက လက်ရှိ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေးကို လွှတ်တော်ထဲမှာ သွားရောက် ဆွေးနွေးဖို့ ပြောလာ တယ်လေ။ ဒီကိစ္စကို နောင်ဆိုရင် လွှတ်တော် ကဘဲ ဆောင်ရွက် သွားလိမ့်မယ် လို့လဲ ပြောတယ်” ဟု ဆိုပါသည်။

အဆိုပါ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်း တိုင်းစစ် ဌာနချုပ် ရွှေလီ ရိပ်သာ ခန်းမ၌ တစ်နာရီခန့်တွေ့ဆုံ ခဲ့ပါသည်။ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) မှ ကိုယ်စားလှယ် များမှာ နာယက ဗိုလ်ချုပ်ဆေထင် ၊အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်းနှင့် ဗိုလ်မှူး စိုင်းလတို့ (၃) ဦးဖြစ်ပါသည်။

အစိုးရ အဖွဲ့ကိုယ်စားလှယ်များမှာ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း၊ ကာကွယ်ရေး ဝန်ကြီး ဌာန အမှတ် (၄) စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဦးမောင်သိန်း၊ ဦးအောင်စိုးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် စပ်အောင်မြတ်တို့ဖြစ်ပါသည်။

တွေ့ဆုံပွဲ အတွင်း၌ သူရ ရွှေမန်းက “ဒီခရီးစဉ်ဟာ လွှတ်တော် အနေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံပွဲ မစခင် တိုင်းရင်းသား ဒေသတွင်းသို့ ကွင်းဆင်းခြင်း ဖြစ်ကြောင်း” ပြောကြား သွားသည်ဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။

ဦးရွှေမန်းသည် လွှတ်တော် အနေဖြင့် လာမည့် အောက်တိုဘာလ အတွင်း၌ ကျင်းပရန် ရှိသည့် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲသို့ SSPP/SSA အဖွဲ့လည်း တက်ရောက် ပေးပါရန် လာရောက် တိုက်တွန်းခြင်း ဖြစ်သည်ဟု ဆိုပါသည်။

SSPP သည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း တို့ပါဝင် လာသည်ကို ၄င်းတို့ ကြိုဆိုကြောင်း၊ သို့သော် နိုင်ငံရေး အရ ဖြစ်ပွား နေကြသည့် ပြသနာများကို နိုင်ငံရေး အရ ဖြေရှင်းရေး ကိုသာ အလျင် အမြန် ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း တင်ပြ ခဲ့သည်။

ဤတွေ့ဆုံမှုသည် အစိုးရ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့များ နှင့်ရှမ်းပြည် တိုးတက်ရေး ပါတီ ကိုယ်စားလှယ် တို့၏ ပထမ အကြိမ် တွေ့ဆုံခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။

MPC နည်းပညာရှင် အဖွဲ့သည် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့နှင့် သဘော တူထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို လွှတ်တော် သို့ လွှဲအပ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့က ညီညွတ်သော တိုင်းရင်းများ ဖယ်ဒရယ် ကောင်စီUNFC ၏ နည်းပညာရှင် အဖွဲ့Techical Team နှင့်ထိုင်းနိုင်ငံ ဇင်မယ်မြို့ အတွင်း၌ တွေ့ဆုံစဉ် MPC ဘက်မှ ပြောကြား သွားသည်ဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။

ဤသည် အစိုးရ၏ ရှင်းလင်း ပြတ်သားမှု မရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များသာ ဖြစ်ကြောင်း၊ အစိုးရ ဖေါ် ဆောင်နေသော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သည်လည်း ငြိမ်းချမ်းမှု ဖြေရှင်းရေးထက် ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲ အတွက်သာ ပြင်ဆင် နေခြင်း ဖြစ်ကြောင်း တရုတ်ပြည် နယ်စပ် စစ်ရေး နိုင်ငံရေး သုံးသပ်သူ ဦးအောင်ကျော်ဇော်က ဆိုပါ သည်။

SSPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားသော်လည်း အကြိမ်ပေါင်း (၁၂၀) ခန့် တဖက်သတ် အတိုက် ခံခဲ့ရပါသည်။ ဤတိုက်ခိုက်မှု များသည် အစိုးရ တပ်ဖွဲ့မှ ချမှတ် ထားသော မူ (၆) ချက်ကြောင့် ဖြစ်ကြောင်း အစိုးရ ဖက်မှ တိုင်းရင်းသား အဖွဲ့များအား အပစ် ဖို့ထားပါသည်။

အစိုးရသည် ပြသနာ ပြေလည်ရေး အတွက် နှစ်ဖက် တပ်များနေရာ ချထားရေးနှင့် အခြေခံ နယ်မြေ သတ်မှတ်ရေးကို ဆောင်ရွက်ခြင်း မရှိဘဲ မူ(၆) ချက်ကြောင့် တိုက်ခိုက် နေရခြင်း ဖြစ်ကြောင်း မကြာခင်ကမှ ထုတ်ဖေါ် ပြောကြား ခဲ့ပါသည်။

No comments: