Monday, September 16, 2013

TNLA တပ်ရင်း ၇၁၇ နှင့် ခလ၇ ၁၁၄ တို့ တိုက်ပွဲဖြစ်

တအာင်းသားလေး

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ တပ်ရင်း (၇၁၇) သည် ၄င်းတို့အား လိုက်လံ စစ်ဆင် နေသည့် အစိုးရ ခလရ (၁၁၄) တပ်ဖွဲ့ကို ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့နယ် အနောက်ဘက် ခြမ်းရှိ ကွန်မောက်နှင့် ဟိုကျပ် ကျေးရွာ အကြားတွင် ယနေ့ စက်တင်ဘာလ (၁၄) ရက်နေ့၌ နာရီ ၀က်ခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု TNLA အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော် က ဆိုပါသည်။

“ကျနော်တို့ အခြေခံတဲ့ တောင်ကုန်းကို ဖယ်ခိုင်း တာလေ။ ကျနော်တို့ မဖယ်တဲ့ အခါ ကျတော့ သူတို့က တောင်တက် လာတယ်။ ဒီတော့ ကျနော်တို့ က RPG လှမ်းထုတယ်။ သူတို့က အဝေးကနေ မော်တာ ၆၀ မမ နဲ့ လှမ်းပစ်တယ်” ဟုဆို ပါသည်။

တိုက်ပွဲသည် ယနေ့ မနက် ၁၁ နာရီ ခွဲမှ ၁၂ နာရီ အထိ ဖြစ်ပွား ခဲ့ပြီး ထိခိုက်မှု တစုံတရာ မသိရ သေးဟု ဆိုပါသည်။ TNLA သည် အစိုးရ တပ်ဖွဲ့နှင့် ထိပ်တိုက် မတိုး စေရန် ရှောင်ရှား လာခဲ့ သည်မှာ တပတ်ကျော် နေပြီ ဖြစ်ကြောင်း၊ ယခု တိုက်ပွဲ သည်လည်း မလွှဲ မရှောင်သာ တိုက်ခိုက် ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

အင်းအား (၈၀) ခန့် ရှိသည့် နောင်ချို အခြေစိုက် ခလရ (၁၁၄) စစ်ကြောင်းသည် TNLA တပ်ရင်း ၇၁၇ အား နောက် ယောင်ခံ စစ်ဆင် လာခဲ့ခြင်း ဖြစ်သည်။ TNLA တပ်များသည် လူထု စည်းရုံး ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် အရ ကျောက်မဲ မြို့နယ်တွင် လှည့်လည် နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားရန် အလား အလာ ရှိနေပြီး၊ အစိုးရ စစ်ဆင်ရေး တပ်များ တိုးလာ နေသည်ဟု ဆိုပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့ တွင်လည်း ကွတ်ခိုင် မြို့နယ် နမ့်ဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ နမ့်ဟွန်းချောင်း အနီးသို့ ထိုးစစ်ဆင် လာသော အစိုး ရ ခလရ (၄၅)ကို TNLA တပ်ရင်း (၁၁၂) က တိုက်ခိုက် ခဲ့ပါသည်။


ယင်း တိုက်ပွဲတွင် အစိုးရ တပ်များ (၁၀) ဦးကျော် ကျဆုံးပြီး (၂၀) ကျော်မှာ ပြင်းထန်စွာ ဒါဏ်ရာ ရခဲ့ ကြသဖြင့် စစ်ကြောင်း ဖွဲ့ကာ လိုက်လံ စစ်ဆင် နေသည်ဟု TNLA တပ်မှ ဆိုပါသည်။

No comments: