Tuesday, September 3, 2013

အောက်လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် အဖွဲ့ UWSA နှင့်တွေ့ဆုံရန်ရှိ

အဲာပိုန်

ပည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ဦးဆောင်သော အဖွဲ့သည် ရှမ်းပြည်နယ် တွင်းရှိ အပစ်ရပ် ထားသည့် လက်နက်ကိုင် အဖွဲ့ များနှင့် အလွတ်သဘော တွေ့ဆုံရန် ယနေ့ ရှမ်းပြည်နယ်သို့ ရောက်ရှိ နေပြီး ဖြစ်ကြောင်း UWSA အဖွဲ့၏ ပြင်ပ ဆက်ဆံရေး ဒုတိယ တာဝန်ခံ ဦးဆမ်ခွန်းက ဆိုပါသည်။

“ စက်တင် ဘာလ (၃) ရက်နေ့မှာ“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်နဲ့ ကျိုင်းတုံမြို့မှာ တွေ့ မှာပါ၊ အဲဒါကြောင့် သူရ ဦးရွှေမန်းနဲ့ သွားတွေ့ဖို့ ကျနော်တို့ ကိုယ်စားလှယ် အဖွဲ့က မနေ့ ကတည်းက မိုင်းလား မြို့ကို ရောက်နေပါတယ်။ ဘာတွေ ဆွေးနွေး ကြမယ် ဆိုတာကို မသိရှိ ရသေး ပါဘူး။ သူတို့ ဘက်ကတွေ့ချင်တယ် ဆိုလို့ကျနော်တို့ ဘက်က သွားတွေ့ တာပါ” ဟု ဆိုပါသည်။

ယင်းတွေ့ဆုံပွဲသို့ UWSA အဖွဲ့မှဒုတိယ စစ်သေနာ ပတိချုပ် ခွန်အန် ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးအိုင်လိန် နှင့် အဖွဲ့၏ ပြောခွင့်ရသူ ဦးအောင်မြင့် တို့က သွားရောက်တွေ့ဆုံ ကြမည် ဖြစ်သည်။ အလားတူ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု (မိုင်းလား အဖွဲ့) နှင့်လည်း နက်ဖြန်၌ ကျိုင်းတုံ မြို့၌ပင် ဆက်လက် တွေ့ဆုံမည် ဖြစ်သည်။

ထို့အပြင် ဦးရွှေမန်းသည် လာမည့် စက်တင်ဘာ (၆) ရက်နေ့တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP အဖွဲ့အား ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး မြို့၌ ဆက်လက် တွေ့ဆုံမည် ဖြစ်ပြီး SSPP မှအတွင်းရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့မှ လက်ခံ တွေ့ဆုံ မည်ဟု ဖြစ်သည်ဟု အဖွဲ့၏ ဒုတိယ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး ခန္တီက ဆိုပါသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းသည် မည်သည့် ရည်ရွယ်ချက်ဖြင့် ဆွေးနွေး ကြမည်ကို မသိရှိ ရသေး သော်လည်း တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ပွဲသို့ တက်ရောက် နိုင်ရန် လာရောက် ညှိ နှိုင်းသော တွေ့ဆုံပွဲ ဖြစ်မည်ဟု ဗိုလ်မှူး ခန္တီက ခန့်မှန်းထားပါသည်။


တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ တက်ရောက်ရန် အစိုးရသည် ပြီးခဲ့သည် သြဂုတ်လ ၃၁ ရက် နေ့တွင် ကရင် အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့တို့က နေပြည်တော်၌ ဒုတိယ သမ္မတနှင့် သွားရောက် တွေ့ဆုံခဲ့စဉ် ဦးအောင်မင်းက ဖိတ်ကြား သွားသည်ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

ပြည်သူ့ လွှတ်ဥက္ကဌ ဦးရွှေမန်း၏ ဤခရီးစဉ်သည် အပစ်ရပ် တိုင်းရင်းသား များနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်ပြီး လွှတ်တော်သည် တိုင်းရင်းသားများ၏ အရေးကို ကိုင်တွယ်ရန် လမ်းစ ဖြစ်လာသည်ဟု အပစ်ရပ် တိုင်းရင်းသား အဖွဲ့ များက ယူဆ လာပါသည်။

No comments: