Monday, September 23, 2013

UWSA နဲ့ ငြိမ်းချမ်းရေးကော်မတီတို့ အချက် ၂ ချက် ဆွေးနွေးမယ်

ABC

ပြည်တောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီ ​ဒုဥက္ကဌ ​ဦးသိန်းဇော်နဲ့ ​တွေ့ဆုံတဲ့အခါ ​အချက် ​နှစ်ချက်ကို ​ဆွေးနွေးသွားမယ်လို့ ​ဝပြည်သွေးစည်းညီညွတ်ရေး ​တပ်မတော် ​UWSA ​အဖွဲ့က ​ပြောပါတယ်။

ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ​ဒုဥက္ကဌ ​ဦးသိန်းဇော်ဦးဆောင်တဲ့ ​ငြိမ်းချမ်းရေးအဖွဲ့ဟာ ​ဒီကနေ့မှာ ​၀ ​ပြည်သွေးစည်းညီညွတ်ရေး ​တပ်မတော် ​ရဲ့ ​ပန်ဆန်းဌာနချူပ်ကို ​သွားရောက်ပြီး ​၀ ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံဆွေးနွေးဖို့ ​ရှိပါတယ်။

UWSA ​၀ ​တပ်ဖွဲ့က ​ပြောရေးဆိုခွင့်ရှိသူ ​ဦးအောင်မြင့်က ​သန်းခေါင်စာရင်းကိစ္စအပြင် ​ဒေသဖွံ့ဖြိုးရေး ​ကိစ္စတွေကို ​ဆွေးနွေးကြမှာဖြစ်တယ်လို့ ​ပြောပြပါတယ်။ 

ဟုတ်တယ် ​ဦးသိန်းဇော် ​လာမယ်၊ ​ဘယ်သူတွေပါမယ်ဆိုတာ ​မသိဘူး၊ ​လာမယ်ဆိုတာ ​နှစ်ခုရှိတယ် ​တစ်ခုက ​သန်းခေါင်းစာရင်း ​ကောက်ဖို့ ​ကိစ္စ ​လာရှင်းပြ ​လာဆွေးနွေးမှာ ​ဖြစ်တယ်လေ၊ ​နောက်တခုက ​ပြည်မက ​လုပ်အား ​ပြည်မက ​ဒီ ​အလုပ်လက်မဲ့ ​လုပ်အား ​၀ ​ဒေသမှာ ​လာပြီးတော့ ​အလုပ်လုပ်ဖို့ ​ဖွံ့ဖြိုးရေး ​လုပ်ငန်းတွေကူညီလုပ်ဖို့ ​ကိစ္စ။ 

ပြီးခဲ့တဲ့ ​စက်တင်ဘာ ​၃ ​ရက်နေ့က ​ကျိုင်းတုံ ​တြိဂံတိုင်း ​စစ်ဌာနချူပ်မှာ ​ဒီကိစ္စတွေကို ​နှစ်ဖက် ​ထပ်မံဆွေးနွေးဖို့ ​သဘောတူထားချက်အတိုင်း ​ဦးသိန်းဇော် ​ခေါင်းဆောင်တဲ့ ​အဖွဲ့ ​လာရောက်ကြတာ ​ဖြစ်တယ်လို့လည်း ​ဦးအောင်မြင့် ​က ​ဆက်ပြောပါတယ်။

UWSA ​၀ ​တပ်ဖွဲ့ဟာ ​ရှမ်းပြည်မြောက်ပိုင်း ​အထူးဒေသ ​၂ ​ဆိုပြီး ​ကိုယ်ပိုင်အုပ်ချူပ်ရေးအသွင်နဲ့ ​နယ်မြေဖွံ့ဖြိုးရေး ​လုပ်ငန်းတွေ ​လုပ်ဆောင်ဖို့ ​အစိုးရကသတ်မှတ်ပေးထားတဲ့အဖွဲ့ ​ဖြစ်တဲ့အကြောင်း ​အေဘီစီ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: