Wednesday, February 5, 2014

2014 မှာ အက်ရှင် ဇာတ်ကား ရိုက်ဖို့ စီစဉ် နေတဲ့ Miss Grand Myanmar ထားထက်ထက်

ပန်းမြတ်ဇော်

Miss Grand Myanmar ထားထက်ထက်က သူမကို အက်ရှင်ဇာတ်ကားရိုက်ရန် ကမ်းလှမ်းထားသည် ကို ၂ဝ၁၄ ခုနှစ်ထဲတွင်ပင် လက်ခံရိုက်ကူးရန် စီစဉ်ထားသည်ဟု မဇ္ဈိမကို ပြောသည်။

ထားထက်ထက် "အခု လောလောဆယ်တော့ confirm မဖြစ်သေးပါဘူး။ ဒီနှစ်ထဲမှာပဲ လက်ခံ ရိုက်ကူး ဖြစ်မှာပါ။ အဲဒီအတွက်ကို လည်း ရိုက်ကွင်းတွေ လိုက်လေ့လာတယ် ။ ဂျွမ်းဘားလည်း ကစားတယ် အိမ်မှာ ဝူရှူး အားကစား ကိုလည်း လေ့ကျင့် နေပါတယ်။ ပထမဆုံး လက်ခံ ရိုက်ကူးမယ့် ဇာတ်ကား ဖြစ်လို့ အခက်အခဲ မရှိအောင် လိုက်လေ့လာ ဖြစ်တာပါ။ အကုန်လုံး သေချာ သွားပြီ ဆိုရင်တော့ ပရိသတ်ကို အသိပေးမှာပါ။ အခု လက်ရှိကတော့ Miss တစ်ယောက် ဖြစ်လို့ ဇာတ်ကား ရိုက်ကူးတဲ့ အခါ မစိမ်းအောင်
လေ့လာ ဖြစ်နေပါတယ်" ဟု ပြောသည်။

ထားထက်ထက် က ယခင်ကတည်းက ပြည်ပ အနုပညာရှင်များ ဖြစ်သည့် ဂျက်ကီချမ်း ၊ ဂျက်လီ ၊ Anjelina Jolie အစရှိသူ တို့ကို သဘောကျ ကြိုက်နှစ်သက်သဖြင့် အက်ရှင် ဇာတ်ကားကို စတင်လက်ခံခြင်းဖြစ်သည်ဟု သူမက ဆိုသည်။ ဂျွမ်းဘား အားကစားကို ကားအက်စီးဒင့် တစ်ခုကြောင့် မကစား ဖြစ်တော့ပေမယ့် ဂျွမ်းဘားမယ် တစ်ဦး ဖြစ်တာကြောင့် အက်ရှင် ဇာတ်ကားနှင့် လိုက်ဖက် မယ်လို့ ယုံကြည်သည်ဟုလည်း ဆိုသည်။

ထားထက်ထက်၏ လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် လက်ခံရိုက်ကူးမည့် အက်ရှင် ဇာတ်ကား အတွက် ကြိုတင် လေ့ကျင့်မှု များ လုပ်နေပြီး မဂ္ဂဇင်းအတွက် ဓာတ်ပုံများ လက်ခံ ရိုက်ကူး ဖြစ်နေသည့်အပြင် ပရဟိတ လုပ်ငန်း တွေကိုလည်း Foundation ထူထောင်ကာ လုပ်ကိုင်နေသည်ဟု သိရသည်။

ထားထက်ထက်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ဝင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် Miss Grand International 2013 ပြိုင် ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး Miss Popular Vote (The most honorable and invaluable special award of Myanmar),T-Pagent People's Choice Award , Global Beauties Favourite Poll Winnner , The Beauty Concept People's Choice Award စတဲ့ ဆုများကို ရရှိခဲ့သူလည်း ဖြစ်သည် ။ ထားထက်ထက် အနေဖြင့် ဆု ၄ဆု အပြင် Top(20) Finalist of Miss Grand International 2013 မှာလည်း ပါဝင်ခဲ့ပြီး Best National Costume Competition တွင် Top 10 ဆယ်ယောက်ထဲတွင် ပါဝင်ခဲ့သည်။

No comments: