မင်းမင်း
တရားဝင်သတ်မှတ်ထားသော အလုပ်ချိန်ထက် ပိုခိုင်းနေသော အလုပ်ရှင်များကို တရားစွဲမည်ဟု အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက လွန်ခဲ့သည့် ငါးလကျော်ကတည်းက ပြောဆိုထား သော်လည်း ၂၀၁၃ နှစ်ကုန်ထိ အလုပ်ရှင်တစ်ဦး တစ်ယောက်ကိုမျှ အရေးယူခြင်း မရှိသေးဟု အလုပ် သမားအရေး တက်ကြွလှုပ်ရှားသူများနှင့် အလုပ်သမား သမဂ္ဂများက ဝေဖန်ထောက်ပြထားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင်စစ်ဆေးခဲ့ရာ သတ်မှတ်ချိန် ထက်ပိုခိုင်းသော စက်ရုံပေါင်း ၁၈ ရုံကို တွေ့ရှိခဲ့ရသည်ဟု အဆိုပါဝန်ကြီးဌာန ဒု-၀န်ကြီးဦးထင်အောင်က ပြောဆိုခဲ့သော်လည်း “သတိပေး ကြပ်မတ်ဆောင်ရွက်လျက် ရှိပါတယ်” ဟုသာ ဖေဖော်ဝါရီ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုသွားသည်။
အလုပ်သမားများ တစ်နေ့ ၁၃နာရီထိ အလုပ်လုပ်နေရသည်ဟူသည့် လွှတ်တော် အမတ် ၂၆ ဦးဖြင့် ဖွဲ့ စည်းထားသည့် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးပူးပေါင်းကော်မရှင်၏ အစီရင်ခံစာ အပေါ် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ ဒီဇင်ဘာလထိ သုံးလအတွင်း ဆောင်ရွက်ထားရှိမှုများကို လွှတ်တော်တွင် လာရောက်ရှင်းပြစဉ် ဒု-၀န်ကြီးက ပြောသွားခြင်း ဖြစ်သည်။
ကော်မရှင် အတွင်းရေးမှူးဖြစ်သည့် အလုံမြို့နယ်မှ ပြည်သူ့ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က“ဘယ် လိုအရေးယူမှာလဲဆိုတာ တိကျဖို့လိုတယ်။ အခုက အလုပ်ရှင်တွေကို အကာအကွယ်ပေးလွန်းရာ ကျနေ တယ်” ဟု မဇ္ဈိမကိုပြောသည်။
သတ်မှတ်ချိန်ထက် ပိုခိုင်းသည့် စက်ရုံ၊ အလုပ်ရုံများကို အရေးယူမည်ဟု ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၇ ရက်က အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြည် ထောင်စုလွှတ်တော်တွင် ပြောဆိုထားခြင်းဖြစ်ပြီး နှစ်ကုန်အထိ သတိပေးဆဲ အဆင့်သာ ရှိသေးခြင်းဖြစ် သည်။
လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ အလုပ်သမား တိုင်း၏ ပုံမှန်အလုပ်ချိန်သည် တစ်ရက်လျှင် ရှစ်နာရီဖြစ်ပြီးအချိန်ပိုအနေဖြစ် သုံးနာရီလုပ်ကိုင်နိုင်ကြောင်း ခွင့်ပြုထားသည်။
ကော်မရှင်ကစက်ရုံ ၃၆ရုံသို့ သွားရောက်စစ်ဆေးပြီး ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် အလုပ်သမား အများစုသည် တစ်ရက်လျှင် ၁၃ နာရီ အလုပ်လုပ်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိသ လောက်ဖြစ်နေရာ စိတ်ဓာတ်အင်အား ကျဆင်းနေကြောင်း ပါရှိသည်။
၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားသည့် “ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေ”၊ “အလုပ်ရုံဥပဒေ” တို့ရှိပြီး ထို ဥပဒေများထဲတွင် အလုပ်သမား အခွင့်အရေးများပါရှိသော်လည်း အလုပ်ရှင်များက လိုက်နာမှုအားနည်း ကြောင်း၊ ၎င်းတို့ မလိုက်နာလျှင်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့က အရေးယူမှုမရှိသလောက်နည်းပါး ကြောင်း အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။
No comments:
Post a Comment