ဇော်ဇော်ထွေး
သင်္ဃန်းကျွန်းမြို့နယ်တွင်းရှိ မိုတယ်တစ်ခုတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများနှင့် မိုတယ် ခန်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီးရမိလိုက်သည်ဟု တိုင်းရဲတပ် ဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်းနေ့ မွန်းလွဲ ၃နာရီက မူးယစ်ဖမ်းဆီးရေးအဖွဲ့များသည် ကြိုတင်သတင်းအရ ကြီးပွားရေးရပ်ကွက်၊ နွယ်သာကီလမ်း၊ အမှတ် (၄)ရှိ PURPLE GOLD MOTEL အခန်းအမှတ် ၂၁၀၄ သို့ ၀င်ရောက်ရှာဖွေ ခဲ့သည်။
ထို့ကြောင့် အခန်းတွင်းတွင် ကြိုတင်သတင်းရရှိထားသူ အောင်မိုးမင်း (၃၅)နှစ် ယာဉ်မောင်းကို ဆေးထိုး ပိုက်တစ်ချောင်း၊ ကာလတန်ဖိုး ကျပ်၂,၄၀၀ ရှိသည့် ဘိန်းဖြူ ဟုယူဆရသည့် အဖြူမှုန့် ၀ဒသမ၀၃ ဂရမ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ၎င်း၏ ဘောင်းဘီအိတ်ကပ်အတွင်းမှလည်း တန်ဖိုးကျပ် ၂၂၅,၀၀၀ တန်ဖိုးရှိ ပန်းရောင်စိတ်ကြွ ဆေးပြား ၅၁ ပြားနှင့် ဟန်းဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ယင်းမူးယစ်ဆေးဝါးများကို အဆိုပါ မိုတယ်အခန်းအမှတ် ၂၁၀၂တွင် တည်းခို နေထိုင်သူ စိုးနိုင်ထွန်း(ခ)ဂျင်မီ၊ (၃၄)နှစ် နှင့် ဘိန်းဖြူ ကို ကိုတိုးဆိုသူထံမှ ၀ယ်ယူခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုထားသည်။
ထို့ကြောင့် သုဝဏ္ဏရဲစခန်းက မူးယစ် (ပ)၁/၂၀၁၄၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၁၅/၁၉(က)/၂၁ဖြင့် အရေးယူရန် အမှုဖွင့်ပြီး စိုးနိုင်ထွန်း(ခ)ဂျင်မီနှင့် ကိုတိုးတို့ အား ဆက်လက်ဖမ်းဆီးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကွင်းဆက်တရားခံများဖြစ်သည့် စိုးနိုင်ထွန်းကို မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသည့် သန့်ဇင်(ခ)ချစ်ကိုကို (၂၅)နှစ်နှင့်အတူ သတင်းရရှိခဲ့သည့် မိုတယ်အခန်းအမှတ် (၂၁၀၂)တွင် ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ဂျင်မီထံမှ ကျပ်၁၂ သိန်းဖိုးရှိ ပန်းရောင်စိတ်ကြွဆေးပြား ၂၄၀ ပြားကို လက်ကိုင်ဖုန်းတစ်လုံးနှင့် အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့နောက် ဖမ်းဆီးရမိထားသူ၏ အစစ်ခံချက်အရ ၎င်းမိုတယ်အခန်းအမှတ် ၁၀၀၄ တွင် တည်းခိုနေထိုင် သည့် ထွန်းရီ၊ မင်းစိုးဆိုသူတို့ထံမှ ၀ယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ဆိုသည်။
ထို့ကြောင့် စိုးနိုင်ထွန်း(ခ)ဂျင်မီ၊ သန့် ဇင်(ခ)ချစ်ကို၊ ထွန်းရီနှင့် မင်းစိုးတို့ လေးဦးကို သုဝဏ္ဏနယ်မြေ ရဲစခန်းက မယ(ပ) ၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့်ပြီး ဆက် လက်ဖမ်းဆီးစစ်ဆေးခဲ့သည်။
အဆိုပါ အမှုတွင် ဂျင်မီ၏ ထွက်ဆိုချက်အရ အဆိုပါ PURPLE GOLD MOTEL အခန်းအမှတ် ၁၀၀၄ရှိ ထွန်းရီ (၃၇)နှစ်ကို မင်းစိုး (၄၀)နှစ်နှင့်အတူ အခန်းတွင်းတွင်တွေ့ရှိဖမ်းဆီးနိုင်ခဲ့သည်။
ထို့ပြင် ရေချိုးခန်းအတွင်းရှိ မှန်နောက်ဘက်တွင် ၀ှက်ထားသည့် ကျပ် ၁၀ သိန်းဖိုးရှိ ပန်းရောင်စိတ်ကြွ ဆေးပြားပေါင်း ၁၉၈ ပြားအပါအ၀င် အစိမ်းရောင် နှစ်ပြားတို့ကို လက်ကိုင်ဖုန်း နှစ်လုံးနှင့်အတူ ဖမ်းဆီးရမိ လိုက်သည်။
ထို့နောက် ၎င်းတို့ နှစ်ဦးထံမှရရှိသော စိတ်ကြွဆေးပြားများသည် အောင်လွန်း (စိစစ်ဆဲ)၊ ပင်လောင်း၊ ရှမ်းပြည်နယ်နေသူနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှ ဇန်န၀ါရီ ၂၂ ရက်တွင် ရန်ကုန်သို့ သယ်ဆောင်လာခြင်း ဖြစ်သည်ကို ကနဦးအနေဖြင့် စစ်ဆေးတွေ့ရှိခဲ့သည်။
ထိုဆေးပြားများကို အောင်လွန်းက သိမ်းဆည်းထားရှိပြီး ၎င်းတည်းခိုသည့် ပုဇွန်တောင်မြို့နယ် (၅၁) လမ်းအနီးတွင် ချိန်းဆိုရယူ၍ တစ်ဆင့် ပြန်လည်ရောင်းချ ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ထွန်းရီ၊ မင်းစိုးနှင့် အောင်လွန်းတို့ သုံးဦးအပေါ် အရေးယူပေးရန် ရဲအုပ်မြတ်ဖုန်းက တိုင်တန်း မှုအား သုဝဏ္ဏနယ်မြေရဲစခန်းက မယ(ပ)၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးနေပြီး ကျန်တရားခံအား လိုက်လံဖမ်းဆီးနေ သည်ဟု တိုင်းရဲဌာနက ဆိုသည်။
No comments:
Post a Comment