Friday, February 21, 2014

တရုတ်အစိုးရက ကချင်ဒုက္ခသည်များ ကို အကူညီပေးမည်

KNG

တရုတ်အစိုးရသည် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပေးမည်ဖြစ်ကြောင်း တရုတ်သံရုံးက ဖေဖ၀ါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ရှင်ဟွာသတင်းတွင် သတင်းထုတ်ပြန် ရေးသားဖော်ပြထားသည်။

ကချင်စစ်ပြေးများအတွက် အကူအညီပေးသည့် ကြက်ခြေနီတံဆိပ်များဖြင့် ယနေ့ ထွက်ခွာလာမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ကားကြီးများသည် ၂၂ (သို့) ၂၃ရက်နေ့တွင် တရုတ်- ကန်ပိုင်တီနယ်စပ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့အား ပေးအပ်သည့်အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

တရုတ်အစိုးရမှ လူသားချင်းစာနာမှု အကူအညီကို ဒေါ်လာ ၈၁၆.၃၃ သန်း ကူညီသွားမည် ဖြစ်ပြီး ၎င်းမော်တော်ယာဉ်တန်းများကို တရုတ်ပြည် ကူမင်းမြို့တွင်ကူညီမည့်ပစ္စည်းပုံများဖြင့် ရှင်ဟွာသတင်း ဖော်ထားသည်ကို တွေ့ရှိရပါသည်။

ကူညီထောက်ပံ့မည့်ပစ္စည်းများသည် ဆန်၊ ဆီ၊ ဆား၊ သကြား၊ စောင်၊ ဆေးဝါများနှင့် အခြားအသုံးအဆောင် ပစ္စည်း ၁၀ မျိုးပါသော သေတ္တာများဖြစ်ပြီး အိမ်ထောင် စု ၁ သောင်း အတွက် ရှေးဦးစွာ ကူညီပေးမည် ဖြစ်ကြောင်းသိရှိရသည်။

သို့သော် ထိုကူညီရေးပစ္စည်းများအား မည်သည့် ဒေသမှ ကချင်စစ်ပြေးဒုက္ခသည်စခန်းများအား ဦးစွာကူညီသွားမည်ကိုမူ မသိရှိသေးပေ။

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကြား တိုက်ပွဲများကြောင့် ၃ နှစ် ခန့် စစ်ပြေးဒုက္ခသည်အဖြစ်ခိုလှုံနေသူများသည် KIO ထိန်းချုပ်နယ်မြေတွင် ၈ သောင်းကျော်နှင့် အစိုးရထိန်းချုပ်နယ်မြေတွင် ၃ သောင်းကျော် စုစုပေါင်း ၁ သိန်းကျော်ရှိကြောင်း သိရှိရသည်။

No comments: