ဖနိဒါ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းရှေ့တွင် ကချင်လွတ်မြောက်ရေးတပ်မ တော်၏အလံများ ရောင်းချနေသူနှစ်ဦးကို ဖေဖော်ဝါရီ ၁၅ ရက်က ခေါ်ယူတားမြစ်လိုက်သည်ဟု မြစ်ကြီး နားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက မဇ္ဈိမကို ပြောသည်။
“အဘတို့က ဒီပြင့်ကိစ္စတွေ သိပ်ပြီး မပြောပါဘူး။ ဒါလေးကို မရောင်းပါနဲ့ နောက်ပြီးတော့ အများသုံးနေ တဲ့ယဉ်ကျေးမှုကွင်းရှေ့လမ်းပေါ်မှာ ရောင်းတဲ့အခါကျတော့ အဘကို ဖုန်းနဲ့တိုင်ကြတာပေါ့။ အဘလည်း ခေါ်ပြောဖို့လုပ်နေတဲ့အချိန်မှာ ၀န်ကြီးချုပ်ကိုလည်း ဖုန်းဆက်တိုင်ပုံရတယ်။ ၀န်ကြီးချုပ်ကလည်း တစ်ခါ ပြောပြီးတော့ ကဲ ဒါကိုမရောင်းနဲ့ ရပ်ပါ။ နောက် ရောင်းရင် အရေးယူမယ်ပေါ့။ အဲဒီလိုဖြစ်သွားတယ်”ဟု ဦးသိန်းထွန်းက ပြောသည်။
ထို့အပြင် အလံများရောင်းချနေမှုကို အခြားသောပါတီများနှင့် အဖွဲ့အစည်းများက လာရောက်တိုင်တန်း မှုများလည်း ရှိသဖြင့် အုပ်ချုပ်ရေးမှူးနှင့်အတူ အုပ်ချုပ်ရေးရုံးမှ အထောက်အကူပြုအဖွဲ့ဝင်များက ခေါ်ယူ သတိပေးခဲ့ခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်။
“ဒီအတိုင်းဘဲ ကြည့်နေသလား။ ကေအိုင်အေအလံ ရောင်းနေတာကို၊ သူတို့က သူတို့အမျိုးသားအလံဆို ပြီးတော့ ပြောတယ်။ အဲဒီအလံဆိုတာက နိုင်ငံတော်အလံ ဥပဒေ၊ အလံဥပဒေတို့နဲ့ တရားဝင် မှတ်ပုံတင် ရတာ။ အခုက ဘာဖြစ်သွားလဲဆိုတော့ ကေအိုင်အိုအလံလို့ပဲ နားလည်ကြတာ။ ကေအိုင်အေက အသုံး ပြုနေတာ အစိမ်းရယ်၊ အနီရယ်၊ ဓားမ နှစ်လက်ရယ်ပေါ့”ဟု ပြောသည်။
အလံရောင်းချသူတို့သည် ကချင်လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် နှစ်ပတ်လည်နေ့ ဖေ ဖော်ဝါရီ ၅ ရက်တွင် စတင်ရောင်းချခဲ့ပြီး အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးဆဲ အဖွဲ့အစည်းတစ်ခုဖြစ် ခြင်းတို့ကြောင့် တားမြစ်ခြင်းဖြစ်သည်ဟုလည်း ဦးသိန်းထွန်းက ပြောသည်။
“ကေအိုင်အေ အသုံးပြုနေတဲ့အလံဖြစ်နေတာတစ်ကြောင်း၊ အဲဒါက ကေအိုင်အေအလံပဲ။ ကေအိုင်အေ ကလည်း အဲဒါကို အသုံးပြုတယ်။ အခုလက်ရှိ အစိုးရနဲ့ဖြစ်နေတဲ့ ကေအိုင်အိုပေါ့နော်။ အဲဒါ သူတို့လုပ် တာကလည်း ကေအိုင်အေ စတင်ပြီးတော့ လက်နက်ကိုင်တဲ့ရက်ပေါ့။ ဖေဖော်ဝါရီ ၅ ရက်မှာ လုပ်တယ်။ အဲဒါရောင်းတာပေါ့။ အဘတို့လည်း အဲဒါကို အသာလေးပဲကြည့်နေလိုက်တာပေါ့။ အဲဒီမှာ လှုပ်ရှားမှုတွေ လုပ်တယ်။ ကေအိုင်အေ တောခိုတယ်လို့ ခေါ်ရမှာပေါ့။ စစချင်း လွတ်လပ်ရေးတိုက်ပွဲဝင်တယ်ပေါ့ဗျာ စကားနဲ့ဆိုရင်”ဟု မဇ္ဈိမကို ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ယင်းနေ့ကို တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားကြပြီး (၅၄) နှစ်မြောက် တော်လှန်ရေးနေ့ကိုလည်း မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ကျင်းပခဲ့သည်။
No comments:
Post a Comment