Tuesday, February 11, 2014

ရခိုင်အမျိုးသားညီလာခံ ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့ စတင်မည်

နိရဉ္စရာ

ရခိုင်အမျိုးသား ညီလာခံကို လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် ကျောက်ဖြူမြို့တွင် ကျင်းပရန် ညီလာခံ ဖြစ်မြှောက်ရေးအတွက် စီစဉ်နေသူများမှ ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ ချင်းမိုင်းမြို့တွင် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ ပြုလုပ်သော စတုတ္တအကြိမ်မြှောက် ရခိုင်အမျိုးသားညီလာခံ ဖြစ်မြှောက်ရေးအတွက် ဆွေးနွေးပွဲတွင် ၎င်းကဲ့သို့ ဆုံးဖြတ်လိုက်ကြောင်း ဖေဖေါ်ဝါရီလ ၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ရခိုင်အမျိုးသား ညီလာခံဖြစ်မြောက်ရေး စတုတ္ထ အကြိမ် မြောက် အစည်းအဝေး ကြေငြာချက်တွင် ဖေါ်ပြသည်။

၎င်းရခိုင်အမျိုးသား ညီလာခံအား (၁) ရခိုင်အမျိုးသားသွေးစည်းညီညွတ်ရေး(၂) အမျိုးသားတန်းတူရေးနှင့် တရားမျှတရေး (၃) လုံခြုံငြိမ်းချမ်းပြီး ဖွံ့ ဖြိုးတိုးတက်သည့် ရခိုင်လူ့ ဘောင်သစ်တရပ် ပေါ်ထွန်းရေး- ရည်မှန်းချက် (၃) ရပ်ဖြင့် ဦးတည်ကျင်းပမည်ဟု ဆိုသည်။

ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ညီလာခံဖြစ်မြောက်ရေးကော်မီတီကို အဖွဲ့ ဝင် (၇) ဦးဖြင့် ဖွဲ့  စည်းခဲ့ကြပြီး ၄င်းကော်မီတီမှ ဦးဆောင်လျှက် ညီလာခံကျင်းပရေးကော်မီတီ အဆင့်ဆင့်ကို ဖွဲ့  စည်းကာ လုပ်ငန်းစဉ်များကို အမြန်ဆုံး စတင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟု ကျေညာချက်တွင် ဖေါ်ပြထားသည်။

ထို့ အပြင် ညီလာခံကျင်းပရေးအတွက် နိုင်ငံတော်အစိုးရနှင့် တွေ့ ဆုံဆွေးနွေးရန် ညှိနှိုင်းရေးကော်မီတီကို အဖွဲ့  ၀င်(၄) ဦးဖြင့် ဖွဲ့ စည်းခဲ့ပြီး နိုင်ငံတကာရောက် ရခိုင်နိုင်ငံရေးအင်အားစုများ၊ ရခိုင်လူမှုအသိုင်းအ၀ိုင်းများနှင့် ဆက်သွယ် လုပ်ဆောင်ရန် ခေါင်းဆောင် (၂) ဦးကို တာဝန်ပေးအပ်ခဲ့ကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။

ရခိုင်အမျိုးသားညီလာခံဖြစ်မြောက်ရေးကော်မီတီ ဆက်သွယ်ရန် – ဦးသာဘန်း (+ 66 947 071 779) ဦးဦးလှစော (+ 66 845 812 532) ခိုင်သုခ( 66 931 161 927) ဒု-ဗိုလ်မှူးကြီးကျော်ဟန် ( + 66 894 399 180) တို့ဆက်သွယ်နိုင်ကြောင်း ကျေညာချက်တွင် ဖေါ်ပြထားသည်။

No comments: