ကြယ်ပြာ
၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ဖေဖော်ဝါရီ ၁၆ရက်က လူအင်အား ၅ဝဝရာကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါ ဆန္ဒပြပွဲတွင် ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးကျော်သူက မဇ္ဈိမကို ပြော သည်။
၎င်းက "ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နဲ့ ကာကွယ်ရေးဦးစီးချူပ်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို ကျွန်တော်တို့က ဖြစ်စေချင်တာ၊ ပြီးတော့ ပြည်သူတွေ သဘောမတူတဲ့ ပုဒ်မတွေ အားလုံးကိုပါ ဖျက်သိမ်းပေးဖို့ပေါ့ ဒီအချက် ၃ ချက်ကိုပဲတောင်းဆိုတာပါ” ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ခွင့် တင်ရာတွင် လူအင်အား ၁၀၀၀ ခွင့်ပြုရန် တင်ပြခဲ့သော်လည်း လူ ၃၀၀ ဖြင့်သာ ပြသရန် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၁ရက်နေ့က ခွင့်ပြုခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၁၆ရက် နေ့လည် ၁ဝနာရီမှ ၁၂နာရီအထိ ပြုလုပ်ခဲ့ပြီး သန်လျင်မြို့ ဒေသခံများနှင့်အတူ တောင်ပိုင်း ခရိုင် ကျောင်းသားများ သမဂ္ဂလည်း ပူပေါင်းပါဝင်ခဲ့သည်။
No comments:
Post a Comment