Tuesday, February 18, 2014

လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ကချင်ဒုက္ခသည်တို့ ကင်တားနားကို တင်ပြ

ဖနိဒါ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအကြံပေး မစ္စတာသောမတ်အိုဟေး ကင် တားနားသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဖေဖော်ဝါရီ ၁၆ ရက်က ရောက်ရှိ ခဲ့ပြီး ကချင်ဒုက္ခသည်တို့က လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တင်ပြခဲ့ကြသည်။

မြစ်ကြီးနား-လိုင်ဇာ လမ်းပေါ်ရှိ ဘန်ဆောင်၊ နမ်ဆန်ယန်၊ အင်ပွန် စသည့် ကျေးရွာများမှ ရွာသားများက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများကို တင်ပြခဲ့သည်ဟု ဂျေယန်းဒုက္ခသည်စခန်း တာဝန်ခံ ဦးနော်ဂျာက ပြောသည်။

“အစိုးရစစ်တပ်က ရွာတစ်ဝက်နီးပါးမီးရှို့တာ သုံးခါလောက် မီးရှို့တယ်။ ဘန်ဆောင်ကအမတစ်ယောက် ကလည်း ရွာမှာ အစိုးရစစ်တပ်က စပါးတွေ မီးရှို့တယ်။ ရေတွင်းထဲ စပါးတွေပစ်လိုက်တာတွေ လုပ်လို့ နေလို့မရ။ လုံခြုံမှုမရှိတော့လို့ ထွက်ပြေးလာတယ်ဆိုတာတွေ ပြောပြတယ်။ ခုလည်း ပြန်ချင်ရင်လည်း လုံခြုံရေးမရှိတော့ ပြန်လို့မရဘူးဆိုတာတွေ ပြောပြတယ်”ဟု ဦးနော်ဂျာက ပြောသည်။

ကုလသဂ္ဂအထူးကိုယ်စားလှယ် မစ္စတာကွင်တားနားကိုယ်တိုင် လူပေါင်း ၈,၃၀၀ ဦးကျော် ခိုလှုံနေသည့် ဂျေယန်း ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသဖြင့် ရွာသားများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို တင်ပြခွင့်ရရှိသည့်အတွက် ကျေနပ်မှုရရှိသည်ဟုလည်း ဦးနော်ဂျာက ပြောသည်။

“သူက လူ့အခွင့်အရေးနဲ့ဆိုင်တဲ့လူဆိုတော့ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေ မရလို့ ခုလိုဒုက္ခသည်စခန်းကို ရောက်လာတယ်။ ကိုယ့်ရွာရှိပေမယ့် နေလို့မရ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့် ခံရတာတွေ၊ အစားအသောက်ဖျက်ဆီးခံရလို့ ထွက်ပြေးလာရတာ ပြောခွင့်ရတယ်”ဟု ပြောသည်။

ကင်တားနားသည် ၂၀၁၃ ခုနှစ် သြဂုတ်လက မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကာ လိုင်ဇာမြို့သို့ သွား ရောက်ရန် စီစဉ်ခဲ့သော်လည်း မြန်မာအစိုးရက ခွင့်မပြုခဲ့သဖြင့် သွားရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုတစ်ခေါက် ခရီးစဉ်အတွင်း KIO ခေါင်းဆောင်များနှင့် ဒုက္ခသည်များ တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ကေအိုင်အိုဥက္ကဋ္ဌ ဦးလယောက်ဇောင်းဟရား အပါအ၀င် ဗဟိုကော်မတီဝင်များနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

“ကချင်ပြည်နယ်နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ၊ တိုက်ပွဲအခြေအနေ၊ ဒုက္ခသည်အခြေအနေတွေမေးတယ်။ ကျွန် တော်တို့ဥက္ကဋ္ဌက ကေအိုင်အိုနဲ့အစိုးရ အများကြီး ဆွေးနွေးခဲ့တယ်။ သူတို့က နိုင်ငံရေးနဲ့ မဆွေးနွေးချင် ဘူး။ စစ်ရေးနဲ့လုပ်နေလို့ ခုထိ ငြိမ်းချမ်းရေးမရသေးဘူး။ ဒါပေမဲ့ ခုတော့ UNFC နဲ့ NCCT ကနေ ဆွေး နွေးနေပါတယ်ဆိုတာတွေ တင်ပြတယ်”ဟု စစ်ပြေးဒုက္ခသည်များကူညီရေး ကော်မတီတာဝန်ခံ အရပ် ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၁၃ ရက်က ရောက်ရှိနေခဲ့သူ မြန်မာနိုင်ငံဆို

No comments: