ဇော်ဇော်ထွေး
ရွှေပြည်သာမြို့နယ်ရှိ တရားရုံးအချုပ်ခန်းအတွင်း အချိုရည်ရောထားသည့်အရက်ခိုးသွင်းရန် ကြံစည်သူ တစ်ဦးကို ရွှေပြည်သာမြို့နယ် တွဲဘက်တရားသူကြီးက နေ့ချင်းပင် ထောင်ဒဏ်ခုနစ်ရက်ချမှတ်လိုက် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၉ ရက် နေ့လယ် ၁၂ နာရီက ရဲအုပ်ချိုချိုဟန် (မူခင်းမှတ်တမ်းတာဝန်ခံ၊ ရွှေပြည်သာရဲစခန်း) သည် ရွှေပြည်သာ တရားရုံးအချုပ်တွင် တာဝန်ထမ်းဆောင်နေစဉ် သော်တာ (၂၉)နှစ်၊ ကျပန်း၊ လှိုင်းဘွဲ့လမ်း၊ ဈ/၃၃/၁၀ ရပ်ကွက်၊ ရွှေပြည်သာနေသူကို အရက်ခိုးသွင်းရန် ကြံစည်စဉ်ဖမ်း ဆီးရမိခဲ့ခြင်း ဖြစ်သည်။
သော်တာဆိုသူသည် ရွှေပြည်သာ ရဲစခန်းအမှတ်စဉ် (ပ)၄/၂၀၁၄၊ လူသတ်မှုပုဒ်မ ၃၀၂ဖြင့် မြို့နယ် တရားရုံးအချုပ်ခန်းတွင် ရောက်ရှိနေသည့် ရဲကျော်(၁၈)နှစ်၊ မှီခို၊ အမှတ် (၁၄၂-က)၊ မြ၀တီလမ်း၊ ၃၃/ ၁၀ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူထံ အရက်တင်သွင်းရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
အချုပ်သားထံသို့ ၎င်းပေးပို့သော Blue Mountain တံဆိပ်ပါ အချိုရည်ဘူးခွံအတွင်း ထည့်လျက်အ၀ါ ရောင်အရည်များအား ကင်းမှူးရဲတပ်ကြပ်တင်ငွေနှင့်အဖွဲ့က စစ်ဆေးရာ အရက်နှင့် လိမ္မော်ရည်များ ရောထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အချုပ်ခန်းတွင်း တားမြစ်ထားသော အရက်သေစာများ တင်သွင်းရန် ကြံစည်လုပ်ဆောင်သူ သော်တာကို အရေးယူပေးရန် ရဲအုပ်ချိုချိုဟန်က တိုင်တန်းသဖြင့် ရဲစခန်းက ရဲအရေးမပိုင်မှု အမှတ်စဉ် ၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး အကျဉ်းထောင်များ အက်ဥပဒေပုဒ်မ ၄၂ ဖြင့် တရားရုံးသို့ တင်ပို့ခဲ့ခြင်းဖြစ် သည်။
ထိုအမှုကို မြို့နယ်တွဲဖက်တရားသူကြီး (၂)ဒေါ်သက်သက်ဦးက ပြစ်မှုကြီးအမှတ် ၁၂၅/၂၀၁၄ဖြင့် လက် ခံစစ်ဆေးပြီး တရားခံသော်တာကို ထောင်ဒဏ်ခုနစ်ရက် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ရဲတပ် ဖွဲ့က ဆိုထားသည်။
No comments:
Post a Comment