မို့မို့သန္တာ
ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုကဏ္ဍတွင် ကုမ္ပဏီငယ်များနှင့် အင်အားကြီးကုမ္ပဏီများ အခွင့်အရေးတူ ယှဉ်ပြိုင်နိုင်ရန်အတွက် ပြည်ပနှင့်ငွေကြေးချိတ်ဆက်မှု ဆောင်ရွက်နေရသည့် Bank Certificate စနစ်ကို ၂၀၁၄ တွင်ပယ်ဖျက်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဆွေးနွေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စိုးက မဇ္ဈိမကိုပြောသည်။
ယခင်ကပြည်ပနှင့် ကုန်သွယ်မှုများပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာ လိုအပ်မှုများကြောင့် စင်ကာပူနိုင်ငံ တွင် Bank Certificate များဖွင့်ကာ ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိပြီးနောက်ပိုင်းတွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များက အမေရိကန်ဒေါ်လာများအသုံးပြုလာနိုင်ခြင်းများကြောင့် ယင်း Bank Certificate စနစ်အား ပယ်ဖျက်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။ပြည်တွင်းကုမ္ပဏီငယ်များသည် ပြည်ပနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ကုန်သွယ်မှုများ၌ ဒေါ်လာငွေပေးဆောင်ရာတွင် ယခင်နိုင်ငံတကာပိတ်ဆို့ မှုများ ရှိစဉ်ကာလများအတိုင်း ငွေလွှဲစနစ်ဖြစ်သော တစ်ဆင့် ခံပေးခြေနေရဆဲဖြစ်ကြောင်းနှင့် အဓိက အားဖြင့် စင်ကာပူနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်နိုင်သည့် မြန်မာကုမ္ပဏီကြီးများမှတစ်ဆင့် နိုင်ငံခြားငွေများပေး ချေနေရဆဲဖြစ်သည့်အတွက် နစ်နာမှုများရှိနေသည်ဟုလည်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။
“ကုမ်္ပဏီကြီးတွေက ဒီဘဏ်စနစ် မပိတ်ရသေးတာတွေကြောင့် ကုမ္ပဏီငယ်တွေကို လွှမ်းမိုးပြီး လုပ်ကိုင် လာကြတယ်။အဲဒီအတွက် ကုမ္ပဏီငယ်လေးတွေက အခက်အခဲတွေဖြစ်လာတယ်။ ကုန်သွယ်မှုအတွက်လဲ ဒီစနစ်ကမလိုအပ်တော့ဘူး” ဟု ဦးအောင်စိုးက ပြောသည်။
ယင်း Bank ဃနမအင်ငခအေန ကို ၂၀၁၅ နိုင်ငံတကာနှင့်ကုန်သွယ်မှုများပြုလုပ်ရာတွင် အပြီးသတ် ပယ်ဖျက်နိုင်ရန်အတွက် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ် ကုမ္ပဏီ၊ မြန်မာနိုင်ငံဗဟိုဘဏ်၊ ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ၂၀၁၄အပြီး ပယ်ဖျက် ရန်ဆွေးနွေးလျက်ရှိကြောင်း ၎င်းကဆိုသည်။
စီးပွားရေးပညာရှင်ဦးလှမောင်က “ဒီBank Certificate ဃနမအင်ငခအေနစနစ်က မရှိသင့်တာ ကြာ ပါပြီ။ ဒီစနစ်ရှိနေတဲ့အတွက် တိုင်းပြည်နစ်နာတယ်။ တခြားနိုင်ငံနဲ့ချိတ်ဆက်နေပြီး ငွေမဲတွေလုပ်ပြီး တရားမ၀င်ကုန်ပစ္စည်းတွေကို တင်သွင်းတာတွေပြုလုပ်နိုင်တယ်၊ လက်ရှိမှာ ပြုလုပ်နေတာတွေလဲ ရှိတယ်” ဟုပြောသည်။
Bank Certificate ကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များသည် တခြားနိုင်ငံများကဲ့သို့ အရင်းအနှီး တစ်ခုရှိရုံဖြင့် ကုန်သွယ်မှုပြုလုပ်နိုင်ခြင်းမရှိဘဲ အရင်းအနှီး နှစ်ရင်း၊ သုံးရင်းရှိမှသာ ဆောင်ရွက်နိုင်ရာ မြန်မာနိုင်ငံ၏ကုန်သွယ်မှုသည် နိုင်ငံတကာနှင့်ယှဉ်ပြိုင်ပါက နှောင့်နှေးမှုများရှိနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက မကြာခဏ သုံးသပ်မှုများ ရှိခဲ့သည်။
No comments:
Post a Comment